"ငါတို့တွဲကြည့်ရအောင်..."
အနည်းငယ်လူရှင်းနေတဲ့ကော်ဖီဆိုင်
ထဲကကောင်လေးနှစ်ယောက်ရဲ့တိတ်
ဆိတ်နေတဲ့စကားဝိုင်းကထွက်ပေါ်လာ
တဲ့စကားသံပင်ဖြစ်သည်..."တကယ်လား...ဟျွန်းတကယ်ပြော
တာလား""အင်း..."
ဘာလို့ဒီလိုရွေးချယ်မိလဲဟျွန်းဆော့
မသိဘူးသေချာတာတစ်ခုကတော့
သူနောင်တမရဘူး....ဂျောင်ဟွမ်မျက်စိရှေ့က
နွားနို့ခွက်နွေးနွေးကိုဆုပ်ကိုင်ထားတဲ့
လက်သေးသေးလေးကိုအသာလှမ်း
ကိုင်လိုက်သည်..."သေချာလားဟျွန်း..."
ဂျောင်ဟွမ်မေးလိုက်တော့ဟျွန်းဆော့
ကလည်ပင်းမှာပတ်ထားတဲ့မာဖလာ
အထူကြီးကြားထဲမျက်နှာလေးပိုတိုး
ဝင်ရင်းရှက်နေကြောင်းပြသလာသည်..."အင်း...တစ်ချိန်မှာငါတို့ခံစားချက်
တွေမရှိတော့တဲ့အခါကျရင်တော့
အသာတကြည်လမ်းခွဲကြမယ်ဆိုတာ
ကိုတော့ကတိတည်ပေးပါ"ဂျောင်ဟွမ်ရင်ထဲစစ်ခနဲနေအောင်နာသွား
ရသည်...
ချစ်သူဖြစ်တဲ့ပထမဆုံးနေ့မှာပဲလမ်းခွဲ
မဲ့နေ့အကြောင်းကြိုဆွေးနွေးရသလား
ဟျွန်းရယ်...ဂျောင်ဟွမ်ဘာမှမဖြစ်သလိုပြုံးလိုက်ရင်း
"အင်း...ကတိပေးတယ်တစ်ချိန်မှာ
ဟျွန်းကလုံးဝအလိုမရှိတော့ဘူးဆို
တာသေချာရင်ကျွန်တော်မငြင်းပဲထွက်
သွားပေးမယ်""အင်း...ကျေးဇူး...ဂျောင်ဟွမ်"
"မောင်"
ဂျောင်ဟွမ်စကားကိုနားမလည်သလို
မျိုးဟျွန်းဆော့မော့ကြည့်လာသည်..."မောင်လို့ခေါ်ဟျွန်း...
ဒါကဟျွန်းနဲ့ပါတ်သတ်ပြီးကျွန်တော့်ရဲ့
ပထမဆုံးနဲ့နောက်ဆုံးတောင်းဆိုမှုပဲ"ဟျွန်းဆော့ရှက်လို့မခေါ်ချင်ပေမဲ့
ဒီလိုတောင်းဆိုလာတော့သူမငြင်းရက်ပါ"အင်း...မောင်"
အဲ့နေ့ကဂျောင်ဟွမ်အတွက်တလောက
လုံးကိုပိုင်ဆိုင်လိုက်သလိုခံစားရတယ်
ဆိုတာကိုတော့ဟျွန်းဆော့မသိခဲ့ပေ...