" လာပြန်ပီလား.. ရှင့်ရဲ့ ဂုဏ်သိက္ခာ ၊ ကျွန်မကိုလဲရှင့်ရဲ့ ဂုဏ်သိက္ခာတစ်ခုထဲ အတွက်နဲ့ လက်ထပ်ခဲ့တာပဲမဟုတ်လား "

" မင်း ပါးစပ်ပေါက်က်ုပိတ်ပီး မင်းရဲ့သားကို ပြန်ပြုပြင်ခိုင်း ၊ ငါ့က်ုစောတကမတက်နဲ့ "

" တော်စမ်းပါ... အခု ကျွန်မသားလေး ဘာပဲဖြစ်ဖြစ် ဘယ်လိုပုံစံပဲဖြစ်ဖြစ် ၊ သူ့ကိုလက်ခံမှာ ၊ ကိုမွေးထားတဲ့ရင်သွေးပဲလေ ၊ ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်လူမဟုတိဘူးလား ၊ လူကမွေးတာမဟုတိဘူးလား KANEMOTO SAN , ပြောစမ်းပါ "

" တော်စမ်းကွာ  ကတောက် , ငါ့အရိပ်အောက်မှာနေသ၍ ငါ့ရဲ့ အမိန့်ကို နာခံနေရမှာပဲ ၊ မဟုတ်ရင်အကုန်သတ်ပစ်မယ် "

အခန်းတံခါးကိုဆောင့်ပိတ်ကာ ထွက်သွားခြင်းပင် ၊ ကျန်ခဲ့တဲ့သားမိနှစ်ယောက်မှာတော့ ငိုကြွေးကာနေလျှက်သားငယ်လေးအားရင်ခွင်ထဲပိုက်ထားလေသည်။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ နောက်သုံးလေးနှစ်ကြာတဲ့အထိကို ပိုပိုဆိုးလာခဲ့သည်။
ယိုရှီရဲ့ မေမေဟာလဲ သူ့ရဲ့အဖေကိုစိတ်ကုန်တာကြောင့် မိဘနှစ်ပါးလုံး သူ့ရဲ့မျက်နှာကိုတသ်ချက်မကြည့် အတ္တတွေနဲ့သာ တစ်ဖက်တစ်ချက်စီလျှောက်လှမ်း‌ကြတော့သည်။

" လာစမ်း.... "

KANEMOTO SAN ဆွဲတဲ့နောက်ကို တစ်ရွတ်တိုက် လိုက်ပါလာခဲ့တာကြောင့် ဒူးတွေပွန်းပဲ့ကာ ခြေဖဝါးတွေဟာ ပေါက်ပြဲလျှက် သွေးတွေဟာ တစတစထွက်နေခဲ့သည်။

" ပါးရယ် တော်ပါတော့ ပါးမကြိုက်တာ နောက်မလုပ်တော့ဘူးနော် "

" ဖြောင်း......ဖြောင်း "

" ပါး သားကိုရိုက်နေမဲ့အစားသတ်လိုက်ပါလား "

" မင်းက ငါ့စီးပွားရေးကိုလာလာရှုပ်တဲ့ကောင်ပဲ ၊ မင်းရဲ့အဲ့စိတ်ကို ဘယ်တော့မှ ပြင်မှာလဲ ငါ့ကိုပြော ...ပြောလို့ ဖြောင်း....."

" သား ရှင်သန်ရတာ အဆင်ပြေရဲ့လား လို့ ပါးမေးခဲ့ဖူးလား ၊ တကယ်ဆို အရမ်းပင်ပန်းနေပီ , သားကိုလွတ်လပ်ခွင့်ပေးပါတော့ "

" $ကြီး $ကျယ်တွေ ပြောတတ်အောင် မင်းကိုဘယ်သူသင်‌ပေးထားလဲ , မင်းအဲ့အခန်းထဲကကိုမထွက် နဲ့ ၊ စားစရာတွေအကုန်လာ‌ပို့ပေးမယ် ၊ "

S.O.L.U.T.I.O.N ( YOSAHI ) Complete Where stories live. Discover now