“မသက်မသာခံစားနေရတယ် .. ”

“ဟမ်?” ယွီချင့်ဟွမ်မှာ အပူဒဏ်ကြောင့် မူးဝေဝေဖြစ်နေရ၏။

‘မသက်မသာ’ ဟူသော စကားလုံးကိုကြားလိုက်သည်နှင့် ဟော်ချွီ၏ အောက်ပိုင်းတနေရာကို သူ အလိုလိုသွားစမ်းကြည့်မိလိုက်သည်။ မည်သည့်တုံ့ပြန်မှုကိုမှ မခံစားခဲ့ရတာကြောင့် သူစကားပြောဖို့လုပ်လိုက်စဉ်မှာ ဟော်ချွီက သူ့လက်ကိုဖမ်းဆုပ်ကိုင်လာ၏။

“ချင့်ဟွမ်၊ မင်းလိုချင်တာလား?” သူ၏လေသံထဲမှာ
ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ မယုံနိုင်ခြင်းတွေ တစွန်းတစပါဝင်နေသည်။ ဒါ ချင့်ဟွမ်ဘက်က ပထမဦးဆုံးအကြိမ် အစပျိုးလာတာဖြစ်သောကြောင့်ပင်။

“မဟုတ် မဟုတ်ဘူး” ယွီချင့်ဟွမ်စိတ်ထဲ သူ့ကိုယ်သူဖြတ်ရိုက်ချင်သွားရပြီး အမြန်ငြင်းလိုက်ရ၏။

ပုံမှန်အိပ်စက်နေကြအချိန်ကိုလွဲချော်သွားတာကြောင့် ဟော်ချွီ နေမထိထိုင်မသာခံစားနေရတာအသိသာကြီးဟာကို သူ့ဦးနှောက်ကဘယ်လိုဘယ်ပုံဖြစ်ပြီး ဟော်ချွီရဲ့ပြောစကားများကို ဤကဲ့သိုသောအရာအဖြစ် အတွေးပေါက်သွားမိခဲ့ရတာလဲ?!

မနက်ဖြန်ကျရင် သစ်ကြားသီးနှင့် ဂျင်ကိုအခွံမာသီးတချို့သေချာသွားဝယ်ပြီး သူ့ဦးနှောက်အား အာဟာရဖြည့်တင်းပေးရမည်ဟု ယွီချင့်ဟွမ် တွေးတောနေလေသည်။

“ငါ ... အမ်း...အထင်မှားတာ... ” ယွီချင့်ဟွမ်က အပြစ်မကင်းစိတ်ဖြင့် ရှက်ကိုးရှက်ကန်း နေမထိထိုင်မထိဖြစ်နေကာ ဟော်ချွီကျောပြင်ကို ချွေးသိပ်သည့်သဘောပုတ်ပေးလာသည်။

"အိပ်တော့ အရမ်းတောင်နောက်ကျနေပြီ”

အထင်မှားသွားတာ? ဟော်ချွီရဲ့ သံသယအကြည့်များက အမှောင်ထဲ၌ ယွီချင့်ဟွမ်ရဲ့‌ဦးထိပ်ပေါ် သက်ဆင်းကျရောက်နေသည်။

'ဘယ်လိုနားလည်မှုလွဲသွားရတာလဲ? သူပြောလိုက်တာအရှင်းကြီးကို' ဟု ဟော်ချွီ တွေးတောနေလေ သည်။

ယွီချင့်ဟွမ်စကားလုံးများ၏ဆိုလိုရင်းကို သူ ဇွဲနပဲနှင့် ခွဲခြမ်းစိတ်ဖြာနေ၏။ သူ့အတွေးများက အကြောင်းအရာတခုဆီရောက်သွားတဲ့အခါ သူ့မျက်လုံးများ ချက်ချင်းပဲတောက်ပလာသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now