- သေချာပေါက် ပြန်လာမှာမလို့ ဒီစာဖတ်ပြီး သိပ်ဝမ်းနည်းမနေကြပါနဲ့ ။ ပြန်လာခဲ့တဲ့အချိန်ကြရင် ငါတို့သုံးယောက်အတူတူ ဆိုးသွမ်းကြရအောင်ကွာ ။ စည်းလွတ်ဘောင်လွတ်ပေါ့ ။
- ဒီလောက်ပါပဲ ။ မင်းတို့ကို အများကြီး ဝမ်းမနည်းစေချင်ဘူး။ hyung မင်းတို့နှစ်ယောက်ကိုချစ်တယ် ။ မင်းတို့က ငါ့ရဲ့ တစ်ခုတည်းပဲ မိသားစုဝင်ပါပဲ။
- ပြန်မလာနိုင်တော့ရင်လည်း ခွင့်လွှတ်ပါ ။
/ မင်းတို့ရဲ့hyung /
စာရွက်လေးကိုင်ပြီး Tae hyung ဒူးမခိုင်တော့စွာ ထိုင်ချလိုက်သည် ။ ကုတင်ပေါ်က လူကိုကြည့်ပြီး မဖြေသိမ့်နိုင်ခဲ့ ။ သေချာပေါက် ဝမ်းမနည်းဖို့ ပြောသွားပေမယ့်လည်း ဘယ်လိုနှလုံးသားမျိုးကို သူတို့ပိုင်ဆိုင်ထားလို့ ဝမ်းမနည်းနိုင်မှာလဲ ။ မငိုကြွေးနိုင်မှာလဲ။ မိသားစုဝင်တွေလေ ဝမ်းမနည်းပဲ နေနိုင်ရိုးလား။
စာထဲမှာ သေချာပေါက် ပြန်လာခဲ့မယ်ပြောသွားသလို။ ပြန်မလာနိုင်ခဲ့ရင်လည်း ခွင့်လွှတ်ပါဆိုပြီး ဝမ်းနည်းစရာကောင်းစွာ ပြောသွားသေးသည် ။ hyungဟာ သူ့ကိုယ်သူတောင် ရှင်သန်နိုင်မလားဆိုတာ မသေချာနိုင်ခဲ့ ။ အေးအေးချမ်းချမ်းမျက်နှာလေးသည် အခုဆို သွေးရောင်ပင် မလွှမ်းတော့ကာ တည်ငြိမ်နေတော့သည် ။
Tae hyung ကုတင်ပေါ် မှောက်ချလိုက်သည် ။ စာကြောင်းတွေသည် အသဲထဲထိ ထိပါသည် ။ hyung လည်း ဒီစာရေးတဲ့အချိန် တုန်လှုပ်နေခဲ့မှာလား ဒါမှမဟုတ် ငိုနေခဲ့မှာလား ။ စာရွက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည် ။
အကိုကတော့ ပြတင်းပေါက်ကိုလက်ပိုက်လျက် ငေးငိုင်ကာနေသည်။ jiminကတော့ ထိုင်ခုံလေးမှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့သည် ။ အပြာရောင်လွင်လွင် စာအိတ်ထဲက စာကိုဖတ်ကြည့်ပြီးတဲ့အခါမှာတော့ ဘာမှပြောစရာစရာမရှိတော့ပါ။ ငြိမ်ငြိမ်လေးသာ ထိုင်နေချင်တော့သည် ။
“ ဟို ဒီကအကို သေဆုံးသွားသူကို....ရင်ခွဲရုံထဲ ပြောင်းတော့မှာမလို့...ဖယ်ပေးပါလားဗျ ။ "
YOU ARE READING
𝕋𝕦𝕝𝕚𝕡𝕤 🌷
Fanfictionလှလှပပရှင်သန်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိဘူး ထင်တယ် အကို...💛။
𝕋𝕦𝕝𝕚𝕡𝕤🌷13
Start from the beginning