ရူးပါသည် ချစ်လို့ရူးပါသည် ။
အဓိပ္ပာယ်မျိူးစုံနဲ့ ပြည့်နက်နေတဲ့
အချစ်ပုစ္ဆာကို သူတကယ်
အဖြေရှာမရတော့ ။ပန်းပွင့်လေးတွေထက် လှသည်
ကောင်းကင်ပြာတွေထက် သာယာသည် ။
ပင်လယ်ပြာတွေထက် ညို့အားကောင်းသည် ။
နှင်းပွင့်လေးတွေထက် အေးချမ်းသည် ။
တဖန်ကမ္ဘာမြေကြီးထက်လဲ စွဲအားပြင်းနေပြန်တော့
နှိုင်းယှဉ်စရာ နာမ်စားတောင် ရှာမတွေ့တော့ဘူး
လူသားလေးရယ် ။
..........................မြင်ကွင်းတစ်ခု၏ လုပ်ရှားမှုတိုင်းကို
သူဘာရယ်မဟုတ် လိုက်ကြည့်နေမိသည် ။
ကျောင်းသားတစ်စုဟာ ပန်းခြံအသေးစားလေးထဲကို
ရောက်လာကြပြီး စကားများပြောကာ ရီမောနေကြသည် ။ထိုကျောင်းသားတွေထဲမှ Tulips ပန်းတွေရှေ့မှာ
ဓာတ်ပုံအရိုက်ခံနေတဲ့ ကောင်လေးတစ်ယောက်ဆီ
သူအကြည့်ရောက်သွားသည် ။
အဖွဲ့ထဲမှာ ဖြူဖြူဥဥလေးနဲ့ သေးသေးသွယ်သွယ်
ကောင်လေးတစ်ယောက် ၊ အဝေးကနေ
မျက်နှာကိုသေချာမမြင်ရပေမယ့်လည်း
ကြည့်ကောင်းနေသည် ။ကြည့်နေရင်း ထိုဖြူဖြူဥဥ ကောင်လေးကို
သူ့ထက် အနည်းငယ်အရပ်ရှည်တဲ့ကောင်လေးက
အားရပါးရဖက်ပစ်လိုက်တော့ မျက်ခုံးတွေက
ပင့်ခနဲ ။
ဘာလဲဟ.....အတွဲတွေလား.......။
ဖြူဖြူဥဥ ကောင်လေးက မကျေနပ်ပုံပေါ်ကာ
ထိုကောင်လေးအား လိုက်ရိုက်တော့သည် ။
သူအနည်းငယ်တော့ပြုံးမိသွားသည်......။
ဘာရယ်မဟုတ်.....။
ဒီတိုင်းပြုံးချင်လာလို့.....။" ဟေ့ကောင် ဘာတွေသဘောကျနေတာလဲ ပြုံးပြုံးကြီးနဲ့ "
သူ Taehyung ကိုကြည့်ကာ ခေါင်းခါပြလိုက်တော့ သကောင့်သားက ထိုကောင်လေးတွေရှိတဲ့နေရာကိုကြည့်လိုက်ပြီး
" အဟယ် ငါ့ကောင်က ဘာလဲ စိတ်ဝင်စားလို့လား "
အဲ့ Kim Taehyung ဆိုတဲ့အကောင်က
မဟုတ်တရုတ်တွေပြောဖို့ဆို ထိပ်ဆုံးက ။
အခုလဲ ဒီတိုင်းကြည့်မိရုံနဲ့ ကြိုက်တယ်
ဖြစ်သွားရော ။
ပိတ်ထိုးလိုက်ချင်စရာ ။" ရူးနေလို့လား စိတ်ဝင်စားရအောင် "
" စိတ်ဝင်စားလို့ပြုံးပြုံးကြီးကြီးနဲ့ကြည့်နေတာပေါ့ အေးကွ ကောင်လေးတွေက ချစ်စရာလေးနော် "
YOU ARE READING
𝕋𝕦𝕝𝕚𝕡𝕤 🌷
Fanfictionလှလှပပရှင်သန်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိဘူး ထင်တယ် အကို...💛။