EP - 2

265 28 1
                                    



SERENITY CAFE

" ဟင် ဂျယ်ဟျွန်းဟျောင်း အစောကြီးရောက်နေတာလား "

ထယ်ဆန်းက ဆိုင်ထဲသို့ဝင်လာရင်း ဂျယ်ဟျွန်းကိုတွေ့တော့ အံ့ဩသွားကာ မေးလိုက်သည်။ ဂျယ်ဟျွန်းက အမြဲအိပ်ရာထနောက်ကျတဲ့သူဖြစ်တာကြောင့်ပင်။

" အင်း ထယ်ဆန်းနား မနေ့ကကြည့်လိုက်တော့ လက်ဖက်စိမ်းကုန်နေတာနဲ့ တခြားဟာတွေကြည့်တော့လည်း ကုန်တော့မယ့်စဲစဲမို့လို့ refill လာလုပ်နေတာ "

" ကျွန်တော့်ကိုပြောရောပေါ့ဗျာ ကျွန်တော်လုပ်လိုက်လည်းရတာကို "

" မနေ့က မင်းအများကြီးပင်ပန်းထားတာသိလို့ မပြောတော့တာလေ နောက်ပြီး ဒါလေးလုပ်ရတာ ပင်ပန်းတာမှမဟုတ်တာ ရပါတယ်ကွ မင်းကလည်း "

" တခြားတော့မဟုတ်ပါဘူး တော်ကြာ သူဌေးကိုပြန်ခိုင်းတဲ့ အလုပ်သမားလေးဆိုပြီး နာမည်ကြီးသွားမှာဆိုးလို့လေ "

ထယ်ဆန်းက ရွှတ်နောက်နောက်ပြောတော့ ဂျယ်ဟျွန်းကရယ်သည်။

ထယ်ဆန်း လွန်ခဲ့တဲ့နှစ်နှစ် အထက်တန်းလောက်မှာ Barista ဖြစ်ချင်တယ်လို့ မေမေ့ကိုပြောပြတော့ မေမေက သူ့သူငယ်ချင်းရဲ့သားဖြစ်တဲ့ ဂျယ်ဟျွန်းနဲ့ မိတ်ဆက်ပေးသည်။ သူနဲ့ တစ်နှစ်ကျော်သာကွာသည်မို့လို့ နှစ်ယောက်၏ဆက်ဆံရေးက သူငယ်ချင်းတွေလို ပြောမနာဆိုမနာ ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်တွေ ဖြစ်လာခဲ့ကြသည်။ နောက်ပြီး တစ်ဖက်မှာဆေးကျောင်းတက်နေတဲ့အပြင် တစ်ဖက်မှာလည်းဝါသနာပါတဲ့ Barista အလုပ်ကိုသင်ယူခဲ့ကာ ဆိုင်ပါဖွင့်ထားနိုင်တဲ့အထိ တော်လွန်းတဲ့ဂျယ်ဟျွန်းကို ထယ်ဆန်းကတော့ တကယ်ကိုလေးစားပြီးအားကျရပါသည်။ ဂျယ်ဟျွန်းက စိတ်ရင်းအရမ်းကောင်းတဲ့သူဖြစ်ကာ သူတတ်ထားသမျှကို ထယ်ဆန်းအား ပညာသားမချန်ဘဲ အကုန်သင်ပေးခဲ့သည်။ ထယ်ဆန်းအထက်တန်းပြီးတဲ့အချိန်ရောက်တော့လည်း ဂျယ်ဟျွန်းကသူ့ရဲ့ဆိုင်မှာ သူနဲ့တူတူအလုပ်ဝင်လုပ်စေခဲ့သည်။ တကယ်ကို ဂျယ်ဟျွန်းက ထယ်ဆန်းအတွက် ကျေးဇူးရှင်ပင်။ အခုဆိုရင် ဂျယ်ဟျွန်းကျေးဇူးကြောင့် ထယ်ဆန်းက သူဖြစ်ချင်တဲ့ ကျွမ်းကျင်တဲ့ Barista တစ်ယောက်ဖြစ်လာခဲ့သလို ရုပ်ရည်ကလည်း အပိုပြောစရာမလိုအောင် ပြီးပြည့်စုံသည်မို့ ဆယ်ကျော်သက်ကောင်မလေးတွေကြားရေပန်းစားသည်။ SERENITY CAEF သည် အရသာလည်းကောင်းသလို Barista ကောင်ချောလေးနှစ်ယောက်ကြောင့် ဆိုင်ကအမြဲလူပြတ်သည်မရှိ။ ထယ်ဆန်းနဲ့ဂျယ်ဟျွန်းက ကျောင်းမတက်ရသေးတဲ့အချိန်ဆို မနက်ပိုင်းကစ ဆိုင်ဖွင့်လေ့ရှိပြီး ကျောင်းဖွင့်တဲ့အချိန်ဆိုရင်တော့ ညနေပိုင်းမှသာ ဆိုင်ဖွင့်ကြသည်။ သူတို့ ဘယ်အချိန်ပဲဖွင့်ဖွင့် သူတို့နှစ်ယောက်ကိုတွေ့ချင်၍ လာကြတဲ့သူတွေကြောင့် ဆိုင်က လူအမြဲမပြတ်ပေ။

you're my DESTINY | gongfourz Opowieści tętniące życiem. Odkryj je teraz