"အဟွန်း...သူကိုယ်တိုင်တောင် အနီရောင်ဝတ်ရုံနဲ့ မထိုက်တန်မှန်းသိလို့ မြစိမ်းရောင်ဒေါင်းဝတ်ရုံနဲ့ညီလာခံတက်ခဲ့သေးတယ်ကြားမိသားပဲ....ကြင်ယာတော်ကင်မ်ကတောင်သူ့အဆင့်သူသိနေတာ...ဦးလေးကဘာဖြစ်နေတာလဲ.... မဟုတ်မှ... ကိုယ့်တူမထက် အဲ့ယောကျ်ားကို ပိုအလေးထားနေမိတာမျိုးမို့လား"

အင်ဆောစကားကြောင့် ဆောင်းဟွန်းမျက်နှာရဲတက်သွားရသည်။

"ဘာလဲ....‌ဒေါသထွက်သွားတာလား..."

"မင်းကို မယ်တော်က နန်းတွင်းခေါ်သွင်းထားတာ ဒီလိုရိုင်းစိုင်းနေဖို့မဟုတ်ဘူးအင်ဆော...ကြင်ယာတော်ကင်မ်ကိုလဲ မင်းအဲလိုပြောဖို့မသင့်ဘူး....တစ်ခြားသူသာကြားရင် ငါတို့ဂိုမျိုးရိုးတွေပဲအနှိမ်ခံရလိမ့်မယ်"

"ဟုတ်တယ်...အင်ဆောတို့ ဂိုမျိုးရိုး...အဲ့ဒီဂိုမျိုးရိုးရဲ့ဂုဏ်ကိုတစ်ဆင့်ထပ်မြှင့်ပေးဖို့အတွက် အရှင့်မိဖုရားခေါင်နေရာကိုရမှဖြစ်မှာ....ဘွားတော်ဟွာအင်းမယ်မယ်လို မင်းတရားကြီးဆီက အချစ်ရယုံနဲ့ ဒုတိယမိဖုရားနေရာမှာတော့ မနေနိုင်ပါဘူး..."

မိမိမယ်တော်ရဲ့အဆင့်ကိုပါထည့်ပြောလာသည့်အင်ဆော။

"ဦးလေးလဲဘာထူးလဲ အချစ်ဆုံးမိဖုရားဆီကမွေးလာတဲ့သားတော်ဆိုပြီး နောက်ဆုံးတော့ အိမ်ရှေ့စံနေရာတောင် မရခဲ့ဘူးမလား...."

"မင်း"

ဆောင်ဟွန်း အင်ဆောအားရိုက်ရန်လက်ပါရွယ်လိုက်မိတော့သည်။စကားအချေအတင်တို့ဖြစ်ဖူးပေမယ့် တစ်ခါမှ လက်ပါသည်ကိုမကြုံဖူးသောအင်ဆောမှာလဲ သူ့ထံသို့ရွယ်လိုက်သည့် ဦးလေးဖြစ်သူရဲ့လက်ကြောင့် ထိတ်လန့်သွားတာအမှန်။

"စကားတွေလွန်မလာနဲ့အင်ဆော...ငါကမင်းလို အလိုကြီးပြီးပူလောင်နေတဲ့လူမဟုတ်ဘူး...."

အင်ဆောအရှေ့မှ ဆောင်ဟွန်းထွက်လာလိုက်သည်။

"အလိုနည်းတော့ ဦးလေးအတွက်အားလုံးအဆင်ပြေသွားရောလား...ကြင်ယာတော်ကင်မ်အပေါ်ဘယ်လိုစိတ်ရှိနေတယ်ဆိုတာ အင်ဆောမသိဘူးထင်နေလား"

အင်ဆောရဲ့စကားကြောင့်ဆောင်ဟွန်းတန့်ကနဲရပ်လိုက်မိသည်။

The Love Sleeping Under The Moonlight Where stories live. Discover now