ယွမ်ရိကလည်း သိပြီး တတ်ပြီးသားတွေ ဖြစ်ပေမယ့် လေးလေးနက်နက် သင်ယူခဲ့၏။ ယွမ်ကျဲကတော့ သေချာလေးကို အာရုံစိုက်ကာ သင်ယူနေခဲ့သည်။
သင်ခန်းစာ အသစ်ကို သင်ယူပြီးတဲ့နောက်မှာ အယောင်းဆန့်၍ တစ်ကိုယ်လုံးမှာ ရှိသည့် အကြောအချင်တွေကို ဖြေလျော့လိုက်ကြသည်။
ယွမ်ရိလည်း သူမ လွယ်ဆိတ်ထဲမှ စက္ကူထုပ် တစ်ထုပ်ကို ထုတ်လိုက်သည်။ ထိုစက္ကုထုပ်ဟာ မက်မွန်မုန့် သုံးခုကို ထုတ်ပိုးထားသည့် အထုတ်လေး ဖြစ်၏။
"ငါ နင်တို့အတွက် အရသာရှိတဲ့ မုန်တစ်ခု ယူလာတယ်"ယွမ်ကျဲက စက္ကူထုတ်လေးကို စူးစမ်းရင်း
"ဘာမုန့်များလဲ"လင်းယောင်ကလည်း စူးစမ်းဟန်ဖြင့် ကြည့်နေခဲ့၏။
ယွမ်ရိက အဖြေ ပြန်မပေးပဲ သူတို့၏ စူးစမ်းနေသော အကြည့်တွေ အောက်မှာ စက္ကူထုပ်
ကို ဖြည်းညှင်းစွာ ဖွင့်လိုက်တော့သည်။ အတွင်းမှ မုန့်များကို မြင်တာနဲ့ ယွမ်ကျဲက အံအားသင့်နေသော လေသံဖြင့် ...
"ဝါး၊ ဒါတွေက ဈေးအရမ်းကြီးတဲ့ မက်မွန်မုန့်တွေဘဲ။ ဒါတွေ ဘယ်ကရခဲ့တာလဲ"ယွမ်ရိက ပြန်မဖြေသေးပေ။ သူမက အရင်ဆုံး မက်မွန်မုန့် တစ်ခုကို ယူကာ လင်းယောင် လက်ထဲ ထည့်ပေးလိုက်သည်။ ခင်မင်လာသည့် အတောအတွင်းယွမ်ရိ၏ သဘောထားနဲ့ ရင်းနှီနေပြီ ဖြစ်တာမို့ ပေးလာသည့် မက်မွန်မုန့်ကို လင်းယောင် မငြင်းတော့ပဲ ချက်ချင်း ယူလိုက်၏။
မက်မွန်မုန့် သုံးခု ရှိသည့်အထဲ လင်းယောင်အား တစ်ခု ပေးလိုက်၏။ ယွမ်ကျဲကိုလည်း တစ်ခု ပေးလိုက်ကာ နောက်ဆုံး ကျန်သည့် တစ်ခုကိုတော့သူမစားလိုက်၏။
သူမတို့ဟာ မက်မွန်မုန့်ကို ကိုယ်စီ ကိုယ်ငှ စားကြရင်းဖြင့် တောင်စွယ် နေဝင်သည့် လှပသော သဘာဝ ပန်းချီကားချပ်အား ရှုစားနေကြတော့သည်။
ယွမ်ရိဟာ မက်မွန်မုန့် တစ်ဝက်လောက်ကို စားပြီးတဲ့နောက် ယွမ်ကျဲအား
"ငါ မနက်ဖြန် သမဝါယမ ဆိုင်ကို သွားဖို့အတွက် တောင်ပေါ်ကနေ ခဏ ဆင်းမလို့၊ နင် လိုက်မလား"ယွမ်ရိ စကားကြောင့် ယွမ်ကျဲက အံ့အားသင့်သွားပြီး
"အစ်မက ဘာလို့ သမဝါယမ ဆိုင်ကို သွားမှာလဲ"
Chapter 19
Start from the beginning