"ဟင့်အင်း၊ညီမလေးကအပြင်မှာရှိနေတာလေ၊ အားရအောင်ပျော်ပြီးမှပြန်လာခဲ့"

"ဘာကိုပျော်ရမှာလဲ၊ သူတို့ကအစ်ကို့ကိုအနိုင်ကျင့်နေတာလေ"

ကျန်းယီမန့်သည်ဆောင့်ကြီးအောင့်ကြီးဖြင့် "ခိုးကူးတယ်? ပြောစရာမရှိတော့တာမဟုတ်ဘူး၊ ညီမလေးကိုစောင့်နေ၊ သူ့ကို report ထုဖို့လူရှာလိုက်မယ်"

မည်သို့ပင်ဖြစ်စေ သူမကိုညဥ့်နက်သန်းခေါင်ကြီးအမြန်ပြန်မလာအောင် ဖျောင်းဖျလိုက်နိုင်သည်။

ယီဟွေ့သည် သူ၏ဖုန်းတွင် Weibo ကိုနှိပ်လိုက်သည်တွင် သူ၏လက်များကတုန်ယင်နေဆဲဖြစ်ကာသူ၏မျက်လုံးထဲတွင်အနက်ရောင်အစွန်းအထင်းများမျောနေ၍ ခလုတ်နှိပ်ရန်အကြိမ်ကြိမ်ကျရှုံးနေသည်။ ကျန်းယီမန့်၏ညွှန်ကြားချက်အတိုင်းသူစိမ်းများ၏သီးသန့်မက်ဆေ့ချ်များနှင့်မှတ်ချက်များကိုပိတ်လိုက်ပြီး အခြေအနေများပြန်ငြိမ်သွားသည်အထိ Weibo ၏သတိပေးချက်များကိုပိတ်လိုက်သည်။

"လာ...စွပ်ပြုတ်တစ်ငုံလောက်အရင်သောက်လိုက်"

ကျန်းရွှယ်မေ့သည် သူမသားနဖူးပေါ်မှချွေးအေးများနှင့် သူ၏ဖြူရော်နေသည့်မျက်နှာကိုမြင်ပြီး တုန်လှုပ်သွားသည်။ သူမသည် Weibo သောဘာသောနားမလည်နိုင်သောကြောင့် သူမသားအနားတွင်နေကာယီဟွေ့အားစွပ်ပြုတ်ကိုတစ်ဇွန်းချင်းခွံ့တိုက်နေရသည်။ယီဟွေ့အားစွပ်ပြုတ်ကိုတစ်ဇွန်းချင်းခွံ့တိုက်နေရသည်။

ယီဟွေ့သည်မသောက်နိုင်သည့်တိုင် သူ၏အမေစိတ်ပူနေမည်ကြောက်၍ တွန့်ဆုတ်ဆုတ်နှင့်အနည်းငယ်သောက်သည်။ ပန်းကန်လုံးလေးတစ်လုံးစာသောက်ပြီးသွားသည်နှင့်သူအကုန်လုံးကိုပြန်အန်ထုတ်ပစ်သည်။

သူအိမ်သာဘေးတွင်ထိုင်နေပြီး သူ၏စိတ်ခံစားချက်မျက်ရည်များကအညစ်အကြေးများနှင့်အတူ မိလ္လာမြောင်းပေါက်ထဲကျဆင်းသွားသည်။ သူအားမရှိစွာဖြင့် သူ၏မျက်နှာကိုသုတ်ရန်စက္ကူကိုဆွဲဖြုတ်လိုက်သည်။ သူစိတ်ဒုက္ခရောက်နေသော်ငြား ကျန်းရွှယ်မေ့အားနှစ်သိမ့်ပေးနေဆဲပင်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now