“အမေ...ကျွန်တော်လာတွေ့တယ်။ အမေ ကျွန်တော့်ကိုတွေ့ရလားဟင်...”
အုတ်ဂူအနီးတစ်ဝိုက်၌ လေတိုးသံနှင့် ငှက်ကလေးများ၏တေးဆိုသံအချို့သာလျှင် ကြားနေရ၏။ ထောင်ရှီးက အတန်ကြာတိတ်ဆိတ်နေပြီးနောက်
“...ကျွန်တော် အိမ်ပြန်ရောက်ပါပြီ...”
“အဖိုးနဲ့အဖွားက ကျွန်တော့်အပေါ်အရမ်းကောင်းကြတယ်။ မနေ့ညက သူတို့နဲ့အတူတူ ညစာစားခဲ့တယ်လေ။ အဖွားက ကျွန်တော့်အတွက် ဟင်းတွေအများကြီးချက်ကျွေးတယ်...”
“ အဖွားကပြောတယ်။ ကျွန်တော် ဆန်အရက်ကြိုက်တာအမေနဲ့တူလို့တဲ့။ ဒါပေမယ့်...ကျွန်တော်က အမေ့ထက်တစ်ခွက်ပိုသောက်နိုင်တယ်သိလား..”
“ကျွန်တော် အဆင်ပြေပြေရှိနေပါတယ်။ ကျွန်တော့်မှာ သဘောကျရတဲ့လူရှိနေပြီ။ သူက ကျွန်တော့်ကိုအရမ်းချစ်တယ်။ ကျွန်တော် ဒီနေရာကို သူ့ကြောင့်ရောက်လာခဲ့တာလေ။ သူကပဲ ကျွန်တော့်ကို အိမ်ပြန်ရောက်အောင် ပို့ပေးခဲ့တာ...”
“ကျွန်တော် အဖိုးချောင်ဆီမှာ ပန်းချီသင်နေတယ်။ သူ့မှာအရမ်းတော်တဲ့ တပည့်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်လို့ ကျွန်တော့်ကိုခဏခဏပြောတယ်။ အဲ့ဒါ အမေ့ကိုပြောတာမှန်း ကျွန်တော်သိသားပဲ။ အနာဂတ်မှာ အမေ့ခြေရာကိုနင်းနိုင်အောင်လို့ ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်…”
“အမေ...ကျွန်တော့်ကို ကောင်းကင်ဘုံကနေ အမြဲကောင်းချီးပေးလို့ ကျေးဇူးတင်ပါတယ်...”
“အမေ့ကိုအရမ်းသတိရတယ်...အဲ့ဒီမှာပျော်ပျော်ရွှင်ရွှင်ရှိနေဖို့ ကျွန်တော်ဆုတောင်းပါတယ်....”
မြူထုများက ပြိုကွဲသွားပြီဖြစ်ကာ ပါးလျသောနေရောင်ခြည်က ထောင်ရှီးရပ်နေသောနေရာသို့ နွေးထွေးစွာကျဆင်းလာသည်။ ထောင်ရှီးက ကမ္မည်းတိုင်ကိုအရိုအသေပေးကာ ယန်ကျန်းမင်ထံသို့ ထွက်လာခဲ့သည်။
The Moon Is Coming To Me
Start from the beginning