The Moon Is Coming To Me

1.6K 218 12
                                    

The Moon Is Coming To Me

Chapter 21

အားလပ်ရက်နောက်ဆုံးနေ့ ညနေတွင် ဖန်းယန့်တစ်ယောက် ကောက်ရိုးဦးထုပ်တစ်လုံးဆောင်းလျက် ခရီးဆောင်အိတ်တစ်အိတ်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ အိပ်ဆောင်ထဲသို့ ဝင်ဝင်ချင်းပင် သူက မျက်နှာချိုသွေး၍ပြောလာသည်။

ရွီးသာ့ ၊ အားလပ်ရက်မှာ ပျော်ခဲ့ရဲ့လား.. ပန်းချီရော ဆွဲလို့ပြီးသွားပြီလား"

ထောင်ရှီးက အနာမပြေသေးသော သူ့လက်ကိုပွတ်ရင်း ရှုသိုးသိုးနှင့်ပြောလိုက်သည်။ ပိုက်ဆံကိုအရင်ပေးမှ ပစ္စည်းကိုရမှာနော်

ကိစ္စမရှိပါဘူး

ဖန့်ယန်က ထောင်ရှီးကို ယွမ်တစ်ထောင် လှမ်းပေးလိုက်သည်။ ပန်းချီကားငါးချပ်ကို လက်ခံရပြီးသောအခါ သူ အံ့ဩဘနန်းဖြစ်သွားရသည်။

မိုက်လှချည်လားဟ၊ ဒီလက်ရာမျိုး မြင်ဖူးသလိုလို ဘာလိုလိုတောင် ဖြစ်သွားတယ်။ ငါကိုယ်တိုင် ဆွဲထားတာနဲ့တောင် တူတယ္ကြ။ ဒါပေမယ့် ငါဆွဲထားတယ်လို့လည်း မထင်ရပြန်ဘူး...

ထောင်ရှီးက သူ့ကို လျစ်လျူရှုလိုက်ပြီး ပိုက္ဆံယူ၍ အိပ်ဆောင်မှထွက်ခဲ့ကာ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ရှာရန် လမ်းမပေါ်သို့ ထွက်လာခဲ့သည်။

ဝမ်းဟွာ အ.ထ.က(၁) ကျောင်းယူနီဖောင်းကို ဝတ်ထားသောကြောင့် မိုဘိုင်းဖုန်းဆိုင်မှ ရောင်းစားရေးက သူ့ကို ဈေးအကြီးဆုံး အရည်အသွေးမြင့် ပစ္စည်းများဖြင့် မိတ်ဆက်ပေးလာသည်။

ဒါလေးကိုကြည့်ကြည့်နော်၊ ဒါလေးက မယ်မိုရီလည်း ပမာဏများများဆံ့တဲ့အပြင် Pixels ကလည်း မြင့်တယ်။ နောက်ဆုံးတန်းမှာ ထိုင်ပြီး ကျောက်သင်ပုန်းကို ဓာတ်ပုံလှမ်းရိုက်ရင်တောင် စာလုံးတိုင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်းမြင်ရတယ်

ထောင်ရှီးမှာ အလွန်စိတ်ဝင်စားသွားသော်ငြား ပိုက္ဆံအိတ္ကမူ ခေါင်းခါပြနေသဖြင့် သွယ်ဝိုက်မနေဘဲ ရိုးရှင်းစွာသာ ပြောလိုက်သည်။

ကျွန်တော့်ကို WeChat ဒေါင်းလုဒ်ဆွဲလို့ရမယ့် ယွမ် ၁၀၀၀ အောက်ဖုန်းလေးပဲ ပေးပါ

The Moon Is Coming To MeWhere stories live. Discover now