" ကလင် ကလင် ကလင် "

" အေး ဂယူ ပြော "

" ချစ်သူငယ်ချင်းလေး ... ငါ့ရဲ့အမြတ်ကိစ္စနဲ့ပတ်သက်ပီး ပြောစရာရှိတယ် Osake ဆိုင်ကိုလာမလား ၊ Coffee ဆိုင်မှာပဲ ဆုံမလား "

" ဟျောင့် ငါဘာလုပ်နေရလဲမင်းသိတာပဲ ၊ ရက်နီးနေပီလေ ၊ ငါ့က်ုသတ်နေတာလား "

" ပီးရော ဒါဆို Coffee ဆို‌ပေါ့ Okiyaka Cafe ဆိုင်ကို လာခဲ့ကွာ "

" Oki စောင့်နေ "

ဆာဟိဟာ လုံးဝကိုအတွေးထဲနစ်မြုပ်သွားသည့်တိုင်‌အောင် ယိုရှီရဲ့ စကားစတွေဆွဲထုတ်ရင်း တွေးတောတော့သည်။ အတန်ကြာသည်အထိ အသိစိတ်ပြန်မကပ်လာ ။

" ASAHI ... Hamada Asahi "

" Aww.. inn "

" မင်း အိမ်ရှေ့ရောက်ပီ ဆင်းတော့ "

" ခင်ဗျားနှင်စရာမလိုပါဘူး ယောက်ဖရဲ့ "

" ဘာ "

" မနက်ဖန် ခင်ဗျားစေ့စပ်ပွဲနော် "

" မင်း ပါးစပ်က်ုပိတ်လို့ မရဘူးလား ၊ မင်းကိုညှာပေးရင် ကန်းတက် တတ်တဲ့လူစားမျိုးပဲ "

" ဒီမှာ ယိုရှီ...ခင်ဗျားပါးစပ်က ရွံစရာတွေနဲ့ လှည့်ပတ်ပီး စကားကြီးစကားကျယ်တေသိပ်မပြောနဲ့ ၊ ပလုတ်အရင်သွား ကျင်းလိုက်ဦး ၊ ပီးတော့ ခင်ဗျား အဖေနဲ့ယှဉ်ရင် ခင်ဗျားက ဘာကောင်မှမဟုတ် ဘူး "

"မင်းး..မင်းး "

" ဘာလဲ အနာပေါ်တုတ်ကျသွားလို့ ထိသွားတာလား "

" မင်းငါ့ရှေ့ပေါ်မလာနဲ့ "

" ခင်ဗျားသာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ " ဟားတိုက်သံဟာ ရိသဲ့သဲ့ပင်

--------------------------

" Hello Junkyu"

" အေးပြော "

" Sakura Osake ya ပဲလာခဲ့တော့ကွာ "

" ဘယ်လိုဖြစ်တာလဲ "

" နဲနဲ ညစ်နေလို့ကွာ လာမှာသာလာခဲ့ "

" Oki Oki "

ကားမောင်း‌နေရင်းတွေးတော့မိတာတစ်ခုတော့ရှိတယ်။ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုကို အကျိုးရှိရှိအသုံးချချင်ခဲ့တာ တော့အမှန်ပါ ၊ ချမ်းသာကြွယ်ဝခြင်းကို တကယ်တော့ ရွံရှာစက်ဆုတ်မိတယ်။ သို့ပေမဲ့ ကို့ကိုယ်ကို အမြဲ ဖျက်စီးနေခဲ့မိတယ် ။ ဒါမှ လဲ ခံသာတာမလား ? ။ မဟုတ်ရင် ရူးဖို့ရှိတယ် ။ အဓိပ္ပါယ်မဲ့လွန်းတဲ့ ဘဝကြီးကို တဖြည်းဖြည်းမုန်းလာဖို့ပဲရှိတယ်။

S.O.L.U.T.I.O.N ( YOSAHI ) Complete Where stories live. Discover now