စည်းချက်မညီသော ရင်ခုန်သံ Part9

Bắt đầu từ đầu
                                    

" ဘာ! ကလေကချေကောင် ဟုတ်လား "

" ဟုတ်တယ်။ မင်းလိုလူဆိုးမလေးကို ကိုယ့်လိုလူကောင်းကလွဲပြီး ဘယ်လူကောင်းကမှ သဘောကျ ကျမှာ မဟုတ်ဘူး "

သူ့စကားက ဒြာ့ကို အထင်သေးလွန်းတဲ့ပုံစံပေါက်နေပြီး၊သူကလွဲရင် ဘယ်ယောက်ျားကမှ ဒြာ့ကိုမယူတော့မည်ပုံစံမျိုးဖြစ်နေတာကြောင့်... ဒြာ, ဒေါသကထောင်းခနဲထွက်သွားရသည်။ဒေါသကြောင့်ရော မခံချင်စိတ်ကြောင့်ရော သူ့ကို စကားနဲ့ပြန်ချေပလိုက်သည်။

" အဟင်း ရှင်က ဒြာ့ကိုအထင်သေးနေတာပဲ။စောင့်ကြည့်နေလိုက် သားအဖေက အိုနေပြီဖြစ်တဲ့ ရှင့်ထက် အဆတစ်ရာသာတယ်ဆိုတာ ဒြာ,ကပြပေးမယ် "

" ကိုယ့်ထက်သာတယ်ပေါ့... "

" အင်း ရှင့်ထက်အများကြီး အများကြီး သာတယ် "

ဒြာ,အမြင်ကပ်ကပ်နဲ့ပြောပစ်လိုက်သည်။

" အင်း ကောင်းပြီလေ မင်းလူကိုခေါ်လာခဲ့လိုက်ပါ။ကိုယ့်ထက်ဘယ်လောက်သာလည်း သိရတာပေါ့ "

" ခေါ်လာခဲ့မယ်။ရှင့်ဘက်ကသာ သားကို ဒြာ,ခေါ်သွားမယ့် အချိန်ကျရင် အသာတကြည်နဲ့ထည့်ပေးဖို့ ပြင်ထား "

" ဟုတ်ပါပြီ၊ ဒါနဲ့ မင်း လူကိုဒီနေ့ခေါ်လာမှာမလား "

" ဒီ ဒီနေ့တော့ ဘယ်လိုလုပ်ရမှာလဲ။သားအဖေနဲ့မတွေ့တာ ကြာပြီ၊ပြီးတော့ သူက ရှင့်ထက်တောင် အရမ်းအလုပ်များတဲ့ သူ "

သူအနိုင်ယူနေတာကိုမခံနိုင်တော့လို့သာ သားရဲ့အဖေကိုခေါ်လာမယ်လို့သာ ပြောနေတာ။တကယ်က ဘယ်သူ့ကို သားရဲ့အဖေအဖြစ် ဟန်ဆောင်ခိုင်းရမယ်ဆိုတာတောင် မသိသေးဘူး။အဲ့ကြားထဲသူက ဒြာ,လုပ်ဇာတ်ခင်းမယ်ဆိုတာ ကြိုသိနေတယ်အလားပြောသေးတာမို့... မျက်နှာကို ဟန်မပျက်အောင် ထိန်းလိုက်ရသေးသည်။

" ဪ... ဒါဆိုရင် အလုပ်အရမ်းများတဲ့ မင်းလူကိုတွေ့ရမှာဖို့ ကိုယ်က ဘယ်လောက်ထိ စောင့်ပေးရမှာလဲ။ကိုယ်လည်း အလုပ်အားနေတဲ့ သူတော့ မဟုတ်ဘူးနော် "

" မပူပါနဲ့.. ဒြာ,က သားကိုရှင့်ဆီမှာ ကြာကြာထားချင်တဲ့ သူမဟုတ်ပါဘူး။ဖြစ်နိုင်ရင် အခုတောင် ခေါ်သွားချင်တာ။မဖြစ်လို့သာ ရှင့်ဆီမှာထားသွားရမှာ "

စည်းချက်မညီသော ရင်ခုန်သံ Nơi câu chuyện tồn tại. Hãy khám phá bây giờ