စည်းချက်မညီသော ရင်ခုန်သံ Part 5

1.4K 49 6
                                    

                    စည်းချက်မညီသော ရင်ခုန်သံ

                             အခန်း (၅)
.

" ရှင် ထွက်သွား "

သူမကို အိပ်ပျော်နေတဲ့ သားလေးဘေးမှာ အသာအယာ ချပေးလိုက်တာနဲ့ ခပ်ကြိတ်ကြိတ်စကားသံဖြင့် လူကို နှင်ထုတ်တော့သည်။

သူမအနားကနေ ထွက်သွားဖို့ အတွေးမရှိတာမို့...
မာန်,သည် ဝတ်ထားတဲ့ အပေါ်က ကုတ်အင်္ကျီကို ဆွဲချွတ်ပြီး၊အောက်ကရှပ်အင်္ကျီ၏ လက်တွေကို လက်ဖျံအထိ ပင့်တင်ရင်း...

" မင်းအနားက ထွက်သွားဖို့ အတွေးထက်၊မင်းအနားမှာ နေဖို့ အတွေးပဲရှိတယ် "

" ရှင် ဒီအခန်းထဲကနေ ထွက်မသွားရင် ဒြာသွားမယ်။ရှင်နဲ့အတူ ဒြာ မနေနိုင်ဘူး "

" ဘုတ်! ရှင် ဘာလုပ်ဖို့ တွေးနေတာလဲ! ဦးအဂ္ဂမာန် "

အိပ်ရာထက်ကနေ ထဖို့လုပ်တဲ့ ဒြာ့,ကို သူက
ပခုံးကနေ ပြန်ဖိချပြီး... အိပ်ရာထက်မှာ ပြန်လှဲစေလိုက်ကာ... အပေါ်ကနေပါ စီးမိုးလာတာမို့...
ဒြာ စိတ်လည်းတိုရသလို၊သူတစ်ခုခု လုပ်မှာကို
ကြောက်လာမိသည်။

ဒေါသသာထွက်နေတာ၊မျက်လုံးတွေကို ကိုယ့်ကို
ကြောက်နေတဲ့ ပုံပေါ်နေတဲ့ သူမကြောင့်... မာန်,
နူတ်ခမ်းတစ်ဖက်ကို တွန့်၍ ပြုံးလိုက်မိ၏။

" ဒီလိုအနေအထား၊ဒီလိုအခြေအနေက ဘာလုပ်ဖို့လဲ မေးစရာမလိုအောင်၊ဒီအခြေအနေကို ရောက်နေတဲ့ လူတိုင်း သိတယ်။တကယ်လို့ မင်း မသိဘူးဆိုရင်တော့... မင်း က ငတုံးမလေးမို့လို့ပဲ လင်းသုဒြာ "

" ဒြာ ငတုံးမဟုတ်ဘူး! "

တစ်ခွန်းအကြောမခံတဲ့ သူမ။

" ဒါဆို ကိုယ်ဘာလုပ်မယ်ဆိုတဲ့ အတွေးကို မင်းသိနေတဲ့ပုံပဲ "

"...................."

" မင်း သိတော့လည်း ကောင်းတာပေါ့။ကိုယ်တို့
အတူ... "

" ဘာကိုယ်တို့အတူလဲ...! ရှင့်ကို ဒြာ မပေါင်းချင်လို့ ကွာရှင်းထားပြီးပြီ၊နောက်ထပ် ဒြာ့,ဘဝကို ယူဖို့ မစဥ်းစားနဲ့ အသက်ချင်းလဲပစ်လိုက်မယ် "

ကိုယ့်စကားကို အဆုံးထိ နားမထောင်။ထင်ချင်ရာကို ဇွတ်ထင်ကာ... လူကို ကပ်ကပ်လန် ရန်ထောင်နေပြန်တဲ့ သူမ။

စည်းချက်မညီသော ရင်ခုန်သံ Where stories live. Discover now