"တော်ကြတော့ တော်တော့ . . . စီနီယာစိတ်လျှော့ အဲဒီခွေးကောင်က အခုတလောစိတ်သိပ်မှန်နေတာမဟုတ်ဘူး ဒီတိုင်းလွှတ်ထားပေးလိုက် "

ဝင်ဆွဲကြသူတွေကြောင့် လူချင်းကွဲသွားကြပေမယ့် အသင်းခေါင်းဆောင်ကတော့သူ့ကို ကျိမ်းနေဆဲ ။

"မင်း သတိထားနေ ! "

သူတကယ်အပြစ်ရှိစိတ်ကိုခံစားလိုက်ရပေမယ့် စိတ်လိုလက်ရတောင်းပန်ချင်စိတ်မရှိနေတာမို့ အားကစားရုံထဲကသာ ထွက်ခဲ့လိုက်တော့တယ် ။

ခြေထောက်နာနေတာကြောင့်ရော တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာနေတာကြောင့်ရော လေးကန်တဲ့ခြေလှမ်းတွေနဲ့ ကျောင်းဆောင်ရှိရာကို လှမ်းရင်းဘေးအိတ်ထဲကဖုန်းကိုထုတ်ကာ contact တစ်ခုဆီကို ဖုန်းခေါ်ဆိုလိုက်တယ် ။

မကိုင်ဘူးထင်ခဲ့ပေမယ့် ဖုန်းကျခါနီးမှ တစ်ဖက်ဖုန်းကပြန်ဖြေခဲ့သည် ။

" မင်းဘယ်မှာလဲ "

"စာကြည့်တိုက်မှာ "

တစ်ဖက်လူအသံကသူ့ကိုတစ်ပတ်ကျော်ကျော်ရှောင်နေခဲ့တာနဲ့မတူစွာပဲ တကယ့်ကိုတည်တည်ငြိမ်ငြိမ် ။

" စကားပြောရအောင် ငါအဲ့ဘက်လာခဲ့မယ် "

တစ်ဖက်ကပြန်ဖြေသံမကြားရခင်မှာတင် သူဖုန်းကိုအလောတကြီးချလိုက်ပြီး ကူကယ်ရာမဲ့စွာဆံပင်တွေကိုထိုးဖွလိုက်မိတော့တယ် ။

အမှန်တော့ဒီရက်ပိုင်းအတွင်းမှာ သူကိုယ်တိုင်လည်း ချွဲဆူဘင်းကိုရှောင်နေခဲ့မိတာ ။

မျက်နှာချင်းဆိုင်အိမ်မှာနေပြီး အရိပ်လေးတောင်မတွေ့ရလေအောင်ပုန်းရှောင်ကောင်းသူနဲ့ မရှာဘဲနေနေခဲ့တဲ့ သူတို့အဖြစ်ကရယ်တော့ရယ်ချင်စရာ ။

ဒီတိုင်း သဘောကျမိရုံလေးပေမယ့် သူ့ရဲ့ခံစားချက်တွေက ဘောင်မဝင်နေခဲ့လေတော့ အရာရာဟာ အပြိုပြိုအလဲလဲ ။

တကယ်ပဲ ဘယ်ခြေလှမ်းတွေကစပြီး မှားယွင်းနေခဲ့‌တာလဲ ။ အဲ့ဒီအချိန်ကိုပြန်သွားပြီး ဝန်မခံခဲ့ရမှာလား ။

ဒါမှမဟုတ် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကိုပြန်သွားပြီး ပါးဖောင်းဖောင်း ဆံပင်လုံးလုံးလေးနဲ့ ချစ်စရာကလေးလေးကို

𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •YeonBin•Where stories live. Discover now