ဒေါ်အေးသွယ်ထည့်ပေးလိုက်တဲ့နှမ်းဗြစ်လေးကို ပလုတ်ပလောင်းစားရင်း ပင်တိုင်သဘောကျစွာဖြင့်ပြုံးလို့သာ။chemistryဖြေသည့်နေ့ကသာ လင်းခေးနည်းနည်းစိုးရိမ်ပေမဲ့ နာက်ဆုံးဘာသာဖြစ်တဲ့Ecoကေတာ့ ပင်တိုင်ယုံကြည်ချက်အရှိဆုံးဘာသာမို့ လင်းခေးလည်းအပြည့်အဝယုံကြည်ပါသည်။
"ကိုကို"
"ဗ်ာ"
"ပင်တိုင်ဆယ်တန်းအောင်ရင် ကိုကိုပင်တိုင့်ကိုဘာပေးမှာလဲ"
"ပင်တိုင်ကဘာလိုချင်လို့လဲ"
"ကိုကိုနဲ့ခရီးသွားချင်တယ်"
"ပင်တိုင်ကဘယ်သွားချင်လို့လဲ"
ရုတ်တရက်ပင်တိုင့်ခြေလှမ်းတွေရပ်တန့်သွား၏။နောက်မှ စာအုပ်အလွတ်လေးကြားညှပ်ထားတဲ့ဓာတ်ပုံတစ်ပုံထုတ်ပေးလာလေသည်။
ဓာတ်ပုံထဲကလူက ပင်တိုင်လည်းမဟုတ်သလိုလင်းခေးလည်းမဟုတ်။သူရဓာတ်ပုံတစ်ပုံသာဖြစ်ပြီး ပင်တိုင်ဘာအဓိပ္ပါယ်နဲ့ဒီဓာတ်ပုံကိုပေးလာသည်မသိတာကြောင့် လင်းခေးမျက်နှာကအနည်းငယ်တော့တင်းမာသွား၏။
"ဒီဓာတ်ပုံက..."
"ကိုကိုကလဲသေချာကြည့်လေ ဆရာလေးနောက်မှာမမြင်ဘူးလား"
သူရကိုဘဲပထဆုံးပြေးမြင်မိတာကြောင့် နောက်ကျောပေးရိုက်ထားတဲ့ပုပ္ပါးတောင်ကြီးကိုတော့လင်းခေးသတိမပြုမိ။ပင်တိုင်လက်ညိုးလေးထိုးပြမှ သတိထားမိလေသည်။
"ပင်တိုင် ပုပ္ပါးကိုသွားချင်တယ်။ဆရာလေးကရောက်ဖူးတယ်ကိုကိုရဲ့ စကားဝါပန်းတွေပွင့်ရင် တောင်ပေါ်ကနေတောင်မွှေးနေတာဘဲတဲ့"
"ပင်တိုင်သွားချင်ရင် ကိုကိုကလိုက်ပို့ရမှာပေါ့။ကိုကိုလိုက်ပို့မယ်လို့ကတိပေးတယ်"
"တကယ်နော် ကိုကိုတကယ်ကတိပေးတာနော်"
"အင်း"
လင်းခေးကတိပေးတာကို ပင်တိုင်စကားနဲ့တက်လက်မခံနိုင်။သူ့လက်သန်းလေးနဲ့လင်းခေးလက်သန်းကို လာချိတ်ပြီး.....
"ကိုကို့ကတိ"ဆိုကာ သဘောတွေကျနေလေသည်။
"အင်း ကိုကို့ကတိ"
တပင္တိုင္(Part 13)
Start from the beginning