ကျွန်တော်၏ အထိန်းအချုပ်ခက်လှသော ရင်ခုန်သံများအား ဒင်းတို့ဆိုင်က ဓာတ်ကူပစ္စည်းအဖြစ် တိုးစေသည့် သဘောမို့။
ဘယ်တော့မှ ရလိမ့်မည်မဟုတ်သော ဘဝကို အမြည်းခံစားစေခြင်းဖြင့် ဒဏ်ရာကို ဆားသိပ်သည်။
မသိတတ်သူ ကျွန်တော်ကား စွဲလမ်းမိသွားလျှင် ခက်ရချည်ရဲ့..။
နေစိမ့်သောသူကတော့ ချပေးသွားသော စတော်ဘယ်ရီကိတ်အား ခက်ရင်းဖြင့် ထိုးစွနေပြီဖြစ်၏။
ကိတ်ကို တလုပ်ပြီးတလုပ်စားရင်း ဆောနူ၏ခန္ဓာကိုယ်သည် ရွှင်မြူးမှုဖြင့် တလှုပ်လှုပ်ဖြစ်လာလေသည်။
"အရမ်းအရသာ ရှိတယ်။ ကိုကိုရော့.. စားကြည့်.. "
ရွှင်မြူးမှုလေးကို မျက်တောင်မခတ်ငေးကြည့်နေမိသည့် ကျွန်တော်သည် နှုတ်ဖျားသို့ ရောက်လာသော ကိတ်ကြောင့် ကြောင်တောင်သွားမိသည်။
သို့သော်လည်း သူ့စိတ်နှင့် အသားကျခဲ့သူ ကျွန်တော်ကား မြည်းစမ်းကြည့်ပြီးဖြစ်၏။
ကိတ်သည် ချိုမြမြ။
အချိုနှင့် မရင်းနှီးသူဖြစ်သော်လည်း ဤအချိုကတော့ ကျွန်တော့်နှလုံးသားကို နွေးထွေးချိုမြိန်သွားစေ၏။
"နောက်တခါလည်း လာစားရအောင်နော်.. ဆရာကိုကိုဟီဆွန်း.."
ကျွန်တော့်လက်တစ်ဖက်ကို တွယ်ချိတ်ထားသူသည် အပြန်လမ်း၌ ခပ်တိုးတိုးဆို၏။
သူတို့နှစ်ယောက်သည် ညနေခင်းနေရောင်ကို ကျောပေး၍ အိပ်ပြန်နေကြချင်းဖြစ်သည်။ ကောင်းကင်ကတော့ နှင်းဆီလိမ္မော်ရောင်တွေလို။
အိပ်ပြန်ချိန်တွေ၏ လွမ်းမောစရာကောင်းခြင်းကို ဟီဆွန်း အခုမှခံစားဖူး၏။ သူတို့နှစ်ယောက် အိမ်ချင်းနီး၍တော်ရော့သည်။
မဟုတ်လျှင် လိမ္မော်ရောင်ညနေခင်းမှာ အရှုံးသမားတစ်ယောက်လို ကျွန်တော်ကား ခေါင်းငိုက်စိုက်ချနေရလိမ့်မည်။
ဘေးက ပင်ကွင်းပေါက်ကတော့ ကလေးသီချင်းတစ်ပုဒ်ကို စိတ်ပါလက်ပါသီဆိုနေလေ၏။
"Row.. row.. row your boat..."
"မင်းက အမြဲပျော်နေတာပဲ။ ကိုယ်အားကျတယ်.."
ဟီဆွန်းကအမှန်တရားကို ပြောခြင်းဖြစ်သည်။ သို့သော် ဆောနူသည် ဟီဆွန်းကို အထူးတဆန်းလိုကြည့်လာလေသည်။
"ဆရာကိုကိုဟီဆွန်း စိတ်ညစ်စရာရှိတာလား။ ကျွန်တော့်ကို ရင်ဖွင့်လို့ရတယ်။ ကျွန်တော့်က နှုတ်လုံတယ်ဗျ"
ဆောလ်နူးက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားပြီး သူ့ပုံစံနှင့်မလိုက် တည်တည်ကြည်ကြည်ပြောလာသောအခါ ဟီဆွန်း သွားတန်းဖြူဖြူများကို လှစ်ဟပြီး စိတ်လွတ်ကိုယ်လွတ်ရယ်မိတော့သည်။ တကယ့်ကို ကလေးပါလား။
"ကိုကိုက ကျွန်တော့်ကို ကလေးလိုပဲ ထင်တယ်။ အသက်တောင်ပြည့်တော့မှာကို.. "
ဆောနူ မကျေမချမ်းဖြင့် နှာမှုတ်သည်။
"တကယ်လည်း ကလေးပဲကို.."
ဟီဆွန်း မနေနိုင်စွာ ဆောနူအားစတော့သည်။ ပျော်ရွှင်နေသော ဆောနူအား မြင်ရလျင် သူလည်း ပျော်သည်ဆိုသော်ငြား စိတ်ဆိုးစိတ်ကောက်လွယ်သော ဆောနူအား စိတ်ဆိုးအောင်ပြုရသည်ကိုလည်း ဟီဆွန်းနှစ်ခြိုက်၏။ ဆောနူက စိတ်ကောက်နေတဲ့အချိန် ချစ်စရာအကောင်းဆုံးမဟုတ်လား။
"ကိုကိုနော်.. အသက်ပြည့်တော့မှာပါဆို.."
ဆောနူသည် အသံစူးစူးဖြင့် ဟစ်အော်လေသည်။
"ကလေးလေးပါပဲဆို.. ကြည့်ပါဦး။ အရပ်က ကိုယ့်ပုခုံးလောက်ပဲရှိတာကို.."
"အဲ့တာ ကိုကိုက အရှည်လွန်နေလို့လေ။ ဦးသစ်ကုလားအုတ်ရဲ့။ ဂျယ်ယွန်းဟျောင်းထက် ကျွန်တော်က ပိုရှည်တာ သိရဲ့လား"
"မဆိုင်တာပါကွာ.. ငါကျောင်းလိုက်ပြီး စာသင်နေတဲ့အချိန် မင်းက အူဝဲအူဝဲနဲ့အော်ကောင်းတုံး၊ အိမ်စပြောင်းလာတုံးကလည်း ရေမချိုးချင်လို့ ဖင်ပြောင်လေးနဲ့ လျှောက်ပြေးနေတာလဲ ကိုယ်မှတ်မိတယ်"
"ကိုကို!"
စောနကအထိ အသံစူးစူးဖြင့် ဟီဆွန်းကို ရန်တွေ့နေခဲ့သူ ဒေါသအိုးကင်မ်ဆောနူသည် ယခုတော့ စတော်ဘယ်ရီတစ်လုံးလို ပါးမို့မို့များမှ နားဖျားအထိ နီရဲသွားလေသည်။
နီရဲရဲပါးမို့သည် ဆိုင်က စတော်ဘယ်ရီကိတ်လို ချိုမြိန်နေမည်လား ကျွန်တော်မြည်းစမ်းကြည့်ချင်ရဲ့။
August 19, 2023
![](https://img.wattpad.com/cover/350050620-288-k229452.jpg)
sweeter than strawberry
Start from the beginning