အပိုင်း(2)

145 14 0
                                    

စုယွီလည်း ဝူပီမောင်းတဲ့ကားကို လိုက်စီးပြီးအိမ်ပြန်လာခဲ့တယ်

သူ့ကိုတန်းမမှတ်မိလို့တစ်လမ်းလုံးရန်တွေ့လိုက်
သူဘယ်လောက်သတိရကြောင်းတွေပြောလိုက်နဲ့
စူယွီမှာဝူပီပြောတာနားထောင်ရင်းတောင်မောလာတယ်

သူစာပို့ရင်လည်းတန်းပြီးစာမပြန်လို့မကျေနပ်ကြောင်းကပါသေး
ဒါ့အပြင်အွန်လိုင်းကပြောရအောင်လည်းဘယ်အချိန်မှလိုင်းတတ်လည်းဖမ်းမရလို့ သူမကျေနပ်ကြောင်းတွေအကုန်ထိုင်ပြောနေတော့တယ်

အိမ်ရောက်တော့

"သားလေး..စုယွီသူငယ်ချင်းပါလာတာလား
မေမေ့ကိုကြိုမပြောဘူး....ဟင်းပွဲများများချက်ထားမှာပေါ့....."

စူယွီမေမေရဲ့စကားသံကိုလည်းကြားရော...
ကားပေါ်ကဆင်းလာတဲ့...ဝူပီက..ေမမေဆီပြေးသွားပြီး

"ကျွန်တော်ဝူပီပါ...ဟင်းပွဲအများကြီးမချက်ထားလည်း အန်တီရဲ့လက်ရာအကုန်ကြိုက်တာမို့
ညစာစားပြီးမှပြန်မှာနော်"

"သားဝူပီလေး...ကြည့်ကောင်းလာလိုက်တာ
လူချောလေးပဲ...ခန္ဓာကိုယ်ကအရမ်းထွားလာတော့ သားကိုကိုရဲ့သူငယ်ချင်းလို့ထင်သွားတာ"

"ဟီးး..ဒါမယ့်ဝူပီကပိုချောတယ်လေ"

"ဟုတ်ပါ့...ညစာဒီမှာပဲစားနော်..အန်တီဝူပီကြိုက်တဲ့ပုဇွန်ထပ်ချက်လိုက်အုံးမယ်...
သားကိုကိုနားစကားသွားပြောနေလိုက်အုန်းနော်"

ဝူပီလည်းအပေါ်ထပ်က စုယွီအခန်းထဲကိုပြေးဝင်သွားတယ်
အပေါ်ဝတ်ဗလာနဲ့ အင်္ကျီလဲနေတဲ့စုယွီကိုမြင်တော့ မထင်မှတ်ပဲတံတွေးမြိုချလိုက်မိတယ်

စုယွီလည်းသူ့ကိုကြောင်ကြည့်နေတဲ့ ဝူပီကိုမြင်တော့အပေါ်ပိုင်းကိုလက်နဲ့ကာရင်း

"
ဒီဝူပီပေါက်စကတော့လေ ငယ်ငယ်ကအတိုင်ပဲအခန်းထဲဝင်ခါနီးရင်တံခါးခေါက်လေ
ဟိုဘက်လှည့်နေ အင်္ကျီဝတ်လို့မပြီးသေးဘူး"

ဝူပီတန်းလှည့်လိုက်ပြီး

"ကိုကိုစုယွီက လွန်ခဲ့တဲ့လေးနှစ်ကအထက်တန်းကျောင်းသားလေးအတိုင်းဘာမှမပြောင်းလဲဘူးပဲ
ဝူပီလောက်တောင်ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်မရှိလိုက်တာ
ဒါကိုရှက်နေသေး"

ကျွန်တော်၏ချစ်ရသောWhere stories live. Discover now