[တွေ့ပြီ၊ ဒီညီလေးက လွန်ခဲ့တဲ့အချိန်က ပေါက်ကွဲသွားခဲ့တဲ့ အပျော်တမ်းဓာတ်ပုံထဲက စစ်ဟွိုင်ရှီးပဲဟ ]

【 Picture.jpg]

[အားးးး၊ Modo Modo၊ သိမ်းပြီးပါပြီ]

Liveထဲတွင် ပရိသတ်တွေက ပိုများလာတယ်။ သတင်းထောက် ရူဟိုင်း လည်း အာရုံပြန်ရလာပြီး နားရွက်နီမြန်းကာ ချောင်းဆိုးလိုက်သည်

"ကျွန်တော်အင်တာဗျူးချင်ပါတယ်.. ကုမ္ပဏီတစ်ခုထဲက အနုပညာရှင် စုန်းရှောင်မေကို သိပါသလား"

"သိတာပေါ့ ငါတို့ရဲ့မန်နေဂျာကတစ်ယောက်ထဲပဲလေ..ဟုတ်တယ်မလား မန်နေဂျာ လီကျုံး.."

စစ်ဟွိုင်ရှီးက သေချင်ယောင်ဆောင်နေသော လီကျုံးကို စူးစူးရှရှ မျက်လုံးများဖြင့် ကြည့်နေသည်။

[ဝိုး၊ ဒါက အဆောက်အဦးပေါ်က ခုန်ချခဲ့တဲ့ အနုပညာရှင်ရဲ့ မန်နေဂျာပဲ 1

[အမိုက်စား မျက်လုံးလေးကို ကြည့်လိုက်တော့ သူက လူကောင်းမဟုတ်ဘူးဆိုတာ တစ်ချက်ထဲနဲ့သိလိုက်ပြီ.. ]

[ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောတာမဟုတ်ဘူးလား သူ့ကို စုံစမ်းစစ်ဆေးဖို့ အာရုံစိုက်သင့်တယ်]

[ရုတ်တရက် သနားမိသလိုပဲ​ ရှောင်ရှောင်းလည်း ဒီလိုအေးဂျင့်တွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတယ် တစ်နေ့ကို ကြေငြာပေါင်းများစွာကို မကြာခဏရိုက်ကူးနေရတော့ အိပ်တောင် မအိပ်ကြရဘူး.. ]

[ဒီလိုကောင်တွေက တကယ့်ကို စက်ဆုပ်ရွံရှာဖို့ကောင်းတယ် ]

[ ညီငယ်လေးရေ အမြန်လွတ်မြောက်ဖို့ ဆုတောင်းပေးပါတယ်..]

လီကျုံးက အေးဂျင့်ဖြစ်ကြောင်း သိလိုက်ရသဖြင့် သတင်းထောက် ရူဟိုင်း မျက်လုံးများ တောက်ပလာကာ ပေါက်ကွဲရန် သတင်းအချက်အလက်များစွာ ရှိရမည် ။

လီကျုံးရဲ့ ပါးစပ်နားကို micချက်ချင်းတင်ကာ..

"စုန်းရှောင်မေရဲ့ မန်နေဂျာလား စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တဲ့ အနုပညာရှင်ရဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောစရာရှိသေးလား"

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now