"ဟယ်လို ကျွန်တော်က သတင်းထောက် ရူဟိုင်း ပါ မင်းက Jinhui Entertainment က အနုပညာရှင်လား.."

သတင်းထောက်တစ်ယောက်ရောက်လာတာကိုမြင်တော့ လီကျုံးရဲ့ အမူအရာက ချက်ချင်းမသက်မသာဖြစ်သွားပြီး စစ်ဟွိုင်ရှီးကို မျက်လုံး တွေနဲ့ မပြောဖို့ လျှို့ဝှက်သတိပေးလိုက်တယ်။

စစ်ဟွိုင်ရှီးက လှည့်ကြည့်လိုက်ပြီး သတင်းထောက်ကို ဖော်ရွေစွာ ပြုံးပြလိုက်ကာ..

"ကျွန်တော်က Jinhui Entertainment က အနုပညာရှင်တစ်ယောက်ပါ.."

ကြည်လင်ပြီး သံလိုက်လို စွဲငင်မူရှိတဲ့အသံက လူတွေရဲ့နားထဲမှာ ပဲ့တင်ထပ်နေပြီး အလှတရားက ဥဩလိုနီးပါးပါပဲ..ချောမောသောမျက်နှာ၊ သုံးဖက်မြင်မျက်နှာသွင်ပြင်များသည် ဘုရားသခင် ဂရုတစိုက် ထွင်းထုထားသည့် လက်ရာများကဲ့သို့ပင်၊ လှပသော နှုတ်ခမ်းပုံသဏ္ဍာန်သည် ထိထိမိမိပြုံးကာ တောက်ပကြည်လင်သော ပင်လယ်ပြာမျက်လုံးများက ထိပ်တန်းအဆင့် နီလာတောက်တောက်နှင့် တံတားတစ်စင်းကဲ့သို့၊အရပ်ကလည်း ရှည်ပြီး အကုန်လုံးပေါင်းလိုက်လျှင် ချောမောတဲ့မျက်နှာက သတင်းထောက်တွေနဲ့ ဖန်သားပြင်ရှေ့မှာ ပရိသတ်ကို ချက်ချင်း တုန်လှုပ်သွားစေတယ်။

ကြည့်ရူနူန်းကလည်း အရှိန်အဟုန်နဲ့ တိုးလာတယ်။

[သေရော! ဒီလိုအလှတရားမျိုးက ဒီအမှိုက်ကုမ္ပဏီကတဲ့လား]

[ဒီလိုမျက်နှာမျိုးနဲ့ ငါ့ကို နစ်မြုပ်သွားနိုင်တာ မယုံနိုင်စရာပါပဲ.. ဒီကုမ္ပဏီကိုJinhui လို့ခေါ်တယ်.. အမှိုက်ပုံးကို ဖုန်းဆက်လိုက်ကြမလား ]

[အနုပညာရှင်အင်တာဗျူးမဟုတ်ပဲ နတ်သက်ကြွေအင်တာဗျူးများလား]

[အဲ့ဒါ မကြာသေးမီက နာမည်ကြီး လာတဲ့Jinhui ကုမ္ပဏီမလား ဒါက သူ့တို့ဆီက အနုပညာရှင်တဲ့ ကဲ ညီအမတို့ မြန်မြန်ထပြီး မီးတွင်းထဲက ခုန်ဆင်းလိုက်ကြရအောင်။ ]

[အားနည်းတယ်လို့ပြောရင် ဒီလိုမျိုး ခံစားရတဲ့သူရှိလား ]

[ငါ့ညီငယ်ကို ခေါ်သွား၊ အပေါ်က လူကို ချုပ်ထားလိုက်ကြစမ်းပါ...]

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now