တပင္တိုင္(Part 12)

Start from the beginning
                                    

"စောစောအိပ် မနက်ကျလယ်ထဲခေါ်မှာ။မြို့သားကြီးတစ်ပိုင်းလိုဖြစ်နေတာနဲ့ လယ်အလုပ်တွေမလုပ်ရတော့ဘူးမထင်နဲ့"..ပြောပြီးမှ မေမိုးသူမအခန်းဆီဝင်သွားတာကြောင့် လင်းခေးပြုံးလျက်သားဖြင့်သာကျန်ခဲ့သည်။

နောက်ပြီးလင်းခေးသူ့အခန်းထဲချက်ချင်းမဝင်နိုင်သေးပါ။စာကြည့်စားပွဲရှေ့မှာ စာကြည့်နေတဲ့ပင်တိုင့်ကိုအခန်းအပြင်ကနေရပ်ကြည့်နေခဲ့ပြီးမှ...

ဒေါက်....ဒေါက်....

ကျွန်းတွေဖြင့်ကာရံလို့ထားတဲ့အခန်းနံရံကို လင်းခေးခေါက်လိုက်တော့ ပင်တိုင်ချက်ချင်းလှည့်ကြည့်လာသည်။

"ကိုကိုဝင်ခဲ့လို့ရမလား"

ပင်တိုင်ချက်ချင်းဘဲခေါင်းငြိမ့်လေသည်။

"ဘာတွေလုပ်နေတာလဲ"

စာကြည့်စားပွဲနားကခုတင်လေးပေါ် လင်းခေးထိုင်ရင်းမေးလိုက်တော့....

"Chemistryပြန်တွက်နေတာ"ဆိုကာ ပင်တိုင်စာအုပ်လေးထောင်ပြလာ၏။

"ကျန်တဲ့ဘာသာတွေကော လိုက်နိုင်ရဲ့လား"

"လိုက်နိုင်ပါတယ်ကိုကိုရဲ့ ပင်တိုင်ကchemistryဘဲအားနည်းတာ။chemistryအားနည်းလို့လဲ ဆရာလေးကပင်တိုင့်ကိုchemistryပိုပြီးဖိသင်ပေးတယ်"

"ဆရာလေး"

"သြော် ပင်တိုင့်ကိုကျူရှင်ပြနေတဲ့ဆရာလေးကိုသူရကိုပြောတာ"

သူရအကြောင်းပြောပြီး ပင်တိုင်လက်ထဲကစာအုပ်ကလေးကိုပြန်ချ၍သာစာပြန်တွက်နေလေသည်။မတွေ့ရတာ၇နှစ်တောင်ကြာတဲ့အချိန်အတော်အတွင်းမှာ တစ်ချိန်ကသူ့မျက်စိရှေ့ကပင်တိုင်တောင်အတော်လေးပြောင်းလဲသွားခဲ့ပြီ။ငယ်ငယ်ကသေးသေးကွေးကွေးလေးနဲ့ကျန်းမာရေးချူချာတဲ့ကလေးလေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာဘဲ။

စာဆီအာရုံရောက်နေတဲ့ပင်တိုင့်ကို လင်းခေးမနှောက်ယှက်ချင်ပါ။ဘေးနားကနေသာ အသာထိုင်ပြီးကြည့်နေခဲ့ရာ ဘယ်အချိန်ကအိပ်ပျော်လို့အိပ်ပျော်သွားမှန်းမသိ။

လက်ထောက်ပြီးငိုက်ကျရာမှ မျက်လုံးတွေပြူးကျယ်သွားရာ စောစောကစာကြည့်နေတဲ့ကောင်လေးကလည်း စာကြည့်စားပွဲပေါ်ခေါင်းလေးတင်ပြီးအိပ်လို့သာ။ခဏလေးအိပ်ပျော်သွားသည်ဟုလင်းခေးထင်လိုက်ပေမဲ့ တကယ်တမ်းအတော်လေးအိပ်ပျော်သွားတာဘဲ။

တပင်တိုင်Where stories live. Discover now