အခန်း ၁၅ /တေးကဗျာ

Start from the beginning
                                    

ထလီဖုချွမ်သည် ထီးနန်းတက်လာသော ဘုရင်ငယ်ထံတွင် အမှုထမ်းရန် စေလွှတ်ခံခဲ့ရသည်။ဘုရင်ငယ်လေးသည် မယ်တော်ယွင်ကျီ၏ သေ
ဆုံးမှုကြောင့် စွန့်ပစ်ခံထားရသော အကောင်ပေါ
က်လေးလို နှုတ်ဆိတ်နေတတ်သည်။ သူ၏ စူးရှကြည်လင်သော မျက်ဝန်းတစ်စုံသည် ဝမ်းနည်းစိတ်ပျက်မှုတို့ဖြင့် အသက်မဲ့နေပြီး တစ်နေကုန် စကားတစ်ခွန်းမျှမဆိုဘဲ လောကကြီးကို တိတ်
တဆိတ် ငေးကြည့်နေတတ်သည်။

ထိုအချိန်တုန်းက သူတို့အားလုံးသည် ငယ်ရွယ်
သော မိန်းမစိုးများဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်သူက ဘုရင်ငယ်လေးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သူ မည်သူ့ကိုမဆို ဆုလာဘ်များ ချီးမြှင့်မည်ဟု အမိန့်ထုတ်ခဲ့သည်။

များမကြာမီတွင် လိမ္မာပါးနပ်ပြီး တက်ကြွသော ကလေးတစ်သိုက်သည် ဘုရင်လေး၏ စိတ်အာရုံကို ဆွဲဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြပြီး ကစားစရာအရုပ်ပေါင်းစုံနှင့် ချဥ်းကပ်သူများရှိသလို တတွတ်တွတ် စကားလိုက်ပြောနေသူများလည်းရှိကြသည်။

ထိုအချိန်တုန်းက လီဖုချွမ်ကို 'ရှောင်ဖူးကျစ်'ဟု ခေါ်ဝေါ်ဆဲဖြစ်ပြီး သူသည် အခြားကလေးများထက် ပျော့ညံံ့ပြီး လူအများနှင့် အရောတဝင်မနေတတ်သူလည်းဖြစ်သည်။ များမကြာမီတွင် အပြ
င်သို့ ရောက်မှန်းမသိ ရောက်သွားပြီး ကြီးကျယ်ခမ်းနားသော ဆုလာဘ်အတွက် အသည်းအသန် ကြိုးစားနေကြသော ရွယ်တူကလေးတစ်သိုက်ကို အပြင်မှ ရပ်ကြည့်နေခဲ့သည်။

ရယ်မောသံများဖြင့် ဆူညံနေသော ကလေးတစ်သိုက်အကြားတွင် ဝန်းရံခံထားရသော ဘုရင်ငယ်လေးသည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ မျက်
လွှာချထားသည်။ဘေးပတ်ဝန်းကျင်မှ သက်ဝင်လှုပ်ရှားမှုများဟာ သူနှင့် ကမ္ဘာချင်း ခြားနေသည့်အလားပင်။

ခန္ဓာကိုယ်ဟာ လူအစုအဝေးအကြားတွင် ပိတ်လှောင်ခံထားရသော်လည်း စိတ်အာရုံမှာ အား
လုံးနှင့် ဝေးရာအရပ်တွင် ငြိမ်းချမ်းနေပုံရသည်။

ရှောင်ဖူးကျစ်သည် ဘုရင်ငယ်လေးကို ကြည့်ပြီး မယ်တော်ဖြစ်သူကို လွမ်းဆွတ်နေသည်ဟု ထင်မိသွားသည်။ ရှောင်ဖူးကျစ်ကိုယ်တိုင်လည်း နန်း
တော်အပြင်ဘက်မှ မိခင်ဖြစ်သူကို လွမ်းဆွတ်သည့်အခါ ဘုရင်ငယ်လေးလို အမူအရာမျိုးဖြစ်သွားတတ်သည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now