Part 10

2.5K 318 45
                                    

အပြင်ဘက်မှာ နေရောင်ခပ်ဖျော့ဖျော့လည်း ပျောက်ကွယ်သွားပြီ။ တစ်နေရာလုံးက တိတ်ဆိတ်နေပြီး ငြိမ်းချမ်းနေ၏။

မျက်စိရှေ့မှ အမေ့အရိုးပြာအိုးက မှန်ဘောင်ထဲမှာ တခမ်းတနား တည်ရှိနေဆဲ...

အမေကြိုက်သည့် နှင်းဆီဖြူတွေရယ်၊ မိသားစုဓာတ်ပုံရယ်... ပြီးတော့ မူလတန်း၊ အလယ်တန်းကျောင်းဆင်းပွဲတွေက ကျွန်တော့် ပုံတွေ

ဘေးတစ်ဘက်မှာ အဖေက ဖက်ထားပေးပြီး တစ်ဘက်မှာ အမေ့နေရာက လွတ်နေသည်။

မျက်ဝန်းထဲ အမေ့အပြုံးတွေခပ်ရေးရေးတွေက ဖြတ်ပြေးသွား၏။ အများကြီး မမှတ်နိုင်တော့သည့် မှတ်ဉာဏ်ကြောင့် တချို့ အပြုံးတွေကိုသာ ခပ်ရေးရေး မြင်မိသည်။

ဓာတ်ပုံထဲမှာ လသားအရွယ်လေးကို ချီထားသည့် အမျိုးသမီးတစ်ယောက်က ပြုံးနေ၏။

"ကိုကို့ကို ဒါလေး ကူညီပေးမလား"

ဘေးနားမှ အသေးလေးလက်ကို ယူလိုက်ကာ အမေ့ ဓာတ်ပုံရှိလောက်မည့် နေရာနဲ့ တိုင်းဆပြီး မှန်ဘောင်ပေါ် လက်တင်ထားလိုက်သည်။

အခုမှ သက်တန့်ရောင်စဉ်တွေ ဖြတ်ပြေးသွားတော့သည်။ အမေဟာ သူမသိပ်ကြိုက်သည့် အပြာနုရောင် ဂါဝန်နဲ့ သေးသေးကလေး ကျွန်တော့်ကို ပွေ့ချီကာ ပြုံးထားသည်။

"ဒီနေ့ အမေ့ နှစ်ပတ်လည်‌လေ။ အဖေကလည်း မရှိဘဲ ကိုကို တစ်ယောက်တည်း နှစ်ပတ်လည်ကို သတိတရဖြစ်ခဲ့တာ အတော်ကြာနေပြီ။ အမေဆို စိတ်ဆိုးနေလောက်ပြီ"

ခပ်ဖွဖွ ရယ်လိုက်မိတော့သည်။ အရင်လို အဖေနဲ့အတူ နှစ်ပတ်လည် လုပ်ပေးဖို့ မတတ်နိုင်တော့သည် မဟုတ်ပါလား

အဖေက အလုပ်သိပ်များပြီး ကျွန်တော့် မွေးနေ့တောင် မှတ်မိတော့သည် မဟုတ်... အသည်းနှလုံး မရှိသူဟုလည်း မစွပ်စွဲရက်၊ အဖေဟာ တစ်ချိန်တစ်ခါက အချစ်ကြီးဖူးခဲ့သည်လေ...

"သူဌေးလေး အခုလို သတိတရ ဖြစ်နေပေးလို့ အန်တီက ဝမ်းသာနေမှာပါ"

"အမေ"

"ဗျာ..."

"အမေလို့ ခေါ်မှ ဒီအမျိုးသမီးက သဘောကျတာ... ကိုကို့ သူငယ်ချင်းတိုင်းက အမေလို့ ခေါ်ပေးမှ ကျေနပ်တာ"

Irregular Heartbeat [Completed]Where stories live. Discover now