Part 3

2.7K 338 61
                                    

ပြောဖို့တစ်ခုကျန်နေခဲ့တာလေး ရှိလို့ပါ။ အခုလက်ရှိ Taehyung က အလယ်တန်းနောက်ဆုံးနှစ်ရဲ့ second semester မှာပါ။ အပိုင်း ၁ မှာတုန်းက အလယ်တန်းနောက်ဆုံးနှစ် ပြီးပြီဆိုပြီး ရေးခဲ့မိတာရယ်...

တကယ်တော့ source ကို မှားကြည့်မိခဲ့တာမို့ လတွေ ရောထွေးပြီးဖြစ်သွားခဲ့တာပါ။ အပိုင်း ၁ မှာလည်း အလယ်တန်း‌ နောက်ဆုံးနှစ် first sem ပြီးတာပါဆိုပြီး ပြန်ပြင်ထားပါတယ်ရယ်

အခုမှ သူက second semester မှာမို့ အလယ်တန်း နောက်ဆုံးနှစ် မပြီးသေးပါဘူး။ ဆိုတော့ Grade 8 မှာပဲ ရှိပါသေးတယ်။

ကိုရီးယားရဲ့ ပညာရေးအရ သူတို့က ‌ပညာသင်နှစ် တစ်နှစ်ကို နှစ်ပိုင်းခွဲတက်ရပါတယ်။ ပထမပိုင်းက March ကနေ July အထိ ၅ လ တက်ရပြီးမှ နွေရာသီ ကျောင်းပိတ်ရက်အဖြစ် August လမှာ တစ်လတိတိနားပါတယ်။ ပြီးမှ September ကနေ February  အထိ ပြန်တက်ရပါတယ်။ ဒါပေမယ့် ကြားထဲမှာ ဆောင်းရာသီ ကျောင်းပိတ်ရက်လည်း ၁ လခွဲ ရှိပါသေးတယ်။

အဲလိုမျိုးပါ... ဒါ့ကြောင့် ရောထွေးပြီး မှားရေးမိကုန်တာပါ။

ပြီးတော့ Taehyung က အသက် ၁၃ နှစ်နဲ့ grade 8 မှာပါ။ Jungkook ကိုတော့ မပြောသေးပေမယ့် ခန့်မှန်းချင်ရင် ခန့်မှန်းနိုင်ပါတယ်။ သဘောပါရှင့် ♡

.

.

Taehyung တို့ စာအုပ်ဆိုင်မှာ တွေ့ဖြစ်ကြသည်က တစ်ပတ်ကျော်တောင် ကြာနေပြီဖြစ်သည်။

သို့သော် သက်တန့်အကြောင်း ပြောသည်က လွဲရင် သူတို့ကြား ဘာမှ ထွေထွေထူးထူး ဆွေးနွေးစရာရယ်လို့ မရှိ။

Taehyung က အသေးလေးနဲ့ စကားပြောရင် စိတ်ကို ထိန်းချုပ်ထားရတာဖြစ်သည်။ စကားလည်း တိုးတိုးပြောရပြီး အသေးလေး ပြောသမျှကို လိုက်နာပေးရသည်။

မဟုတ်ရင် အသေးလေးက ထပ်တွေ့ဖို့ လာလိမ့်မည် မဟုတ်။

ဒီနေ့လည်း ကျောင်းပိတ်ရက်ဖြစ်ပေမယ့် စာအုပ်ဆိုင်မှာ သူတို့ ချိန်းထားကြသည်။

အင်္ကျီလဲနေရင်း သူ ရွေးရခက်နေ၏။ သူ့ အမြင်ထဲ အရာရာဟာ အဖြူ၊ အမည်းသာ ဖြစ်နေသည်။

Irregular Heartbeat [Completed]Where stories live. Discover now