Prologue

15 1 0
                                    

သူမက ဟန်ယန်းရဲ့ တစ်ဦးတည်းသော တော်၀င်မင်းသမီး " ယွန်းဒါဂျောင်း"

ငယ်စဉ်ထဲက ခမည်းတော်၊ မယ်တော်တို့ရဲ့အချစ်ကိုခံရပြီး ကြီးပြင်းလာခဲ့သူ
တစ်ယောက်တည်းရှိတဲ့အကိုတော်
အိမ်ရှေ့စံရဲ့ ဖူးဖူးမှုတ်ပုလဲရတနာလေး

ပျော်ရွှင်စရာအတိဖြစ်နေတဲ့သူမဘ၀လေးမှာ သူမချစ်တဲ့မိသားစုနဲ့ တိုင်းပြည်ကို အပြီးတိုင်စွန့်ခွာရမယ့် အကြောင်းတစ်ခု ပေါ်လာခဲ့သည်၊

အဲ့တာကတော့ တိုင်းပြည်တစ်ခုရဲ့ မင်းသမီးတိုင်း မလွဲမရှောင်သာ လုပ်ဆောင်ရမယ့် တာ၀န်၊ ရှောင်လွဲလို့ မရနိုင်တဲ့ကံတရား၊ ငြိမ်းချမ်းရေးအတွက်
လက်ဆက်ခြင်း တစ်နည်းအားဖြင့်
အခြားတိုင်းပြည်သို့ လက်ထပ်ရန်ပို့ဆောင်ခံရခြင်း

အင်အားကြီးမားလှပါတဲ့ ချောင်နိုင်ငံရဲ့
နန်းတက်ခါစ ဘုရင်မှာ လစ်လပ်နေတဲ့
မိဖုရားခေါင်နေရာ အလယ်နန်းဆောင်
ကို သူမက ဖြည့်ပေးရမတဲ့

ရောက်လာတဲ့သ၀ဏ်လွှာကို ဘယ်လို ပြန်စာရေးပေးရမယ်ဆိုတာက လူတိုင်း
သိနေတဲ့အမှနိတရား

ဖြစ်တည်လာတဲ့လက်ထပ်ပွဲမှာ ဟန်ယန်းရဲ့ မင်းသမီးလေးဘ၀က အရင်နဲ့တူပါဦးမလား

The Story Of The Central Palace Where stories live. Discover now