တပင္တိုင္(Part 11)

Start from the beginning
                                    

"အိမ္ကိုလာတာလားလူရိုး"

"ဟုတ္တယ္မမမိုး ပင်တိုင့်ဆီစာလာယူတာ။ကျွန်တော်တောင်မမမိုးကိုအော်ခေါ်နေသေးတယ်"

"သြော် မမမိုးကဘုန်းကြီးကျောင်းကိုဆွမ်းသွားကပ်တာ"ဆိုကာ သူမလက်ထဲကဆွမ်းဂိျုင့်လေးကိုမေမိုးမြှောက်ပြလေသည်။

"ဟုတ်ကဲ့မမမိုး ကျွန်တော်အဘစောင့်နေလို့သွားလိုက်ပါအုံးမယ်"

"အေးအေး"

နှစ်ယောက်သားလမ်းတွေ့နှုတ်ဆက်ပြီးမှ မေမိုးအိမ်သို့လာခဲ့ရာ ခြံထဲမှာသူ့အားရပ်ကြည့်နေတဲ့ကောင်လေးက ဒီအချိန်ရှိနေပြီကျောင်းသွားဖို့ဘာမှမပြင်ဆင်ရသေး။ဆံပင်ရှုပ်တိရှုပ်ပွနဲ့ မျက်နှာတောင်မသစ်ရသေးသည့်ပုံ။

"ပင်တိုင် နင်မနက်ကဆရာလေးဆီမသွားဘူးလား"

"ပင်တိုင်အခုမှနိုးတာ"

"ဘာ!...ငါတို့ကနင်ဆရာလေးဆီဘဲသွားတယ်ထင်နေတာ။မေမေလေးသိရင်တော့ နာတော့မှာဘဲပင်တိုင်ရယ်"

အရင်ရက်တွေကလိုဘဲ သူရဆီသွားတယ်အထင်နဲ့ ပင်တိုင့်အခန်းထဲဝင်မကြည့်လိုက်တာ။ပင်တိုင်အိပ်ပျော်နေမှန်းသိလျှင် မေမိုးနှိုးမိမှာအသေအချာ။

"မမမိုးပြန်မတိုင်ရင်မေမေမသိပါဘူး မေမေ့ကိုပြန်မတိုင်ပါနဲ့နော်။ပင်တိုင်ညက ကိုကို့ဆီစာရေးတာနဲ့နောက်ကျမှအိပ်မိလို့ပါ။"

"အေး ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် လင်းခေးဆီစာမရေးတော့နဲ့၊စာမေးပွဲကနီးနေပြီ စာလုပ်တာအပျက်မခံနိုင်ဘူးသိလား"

လင်းခေးဆီစာမရေးဖို့အကြောင်းပြောလိုက်သည်နှင့် ပင်တိုင့်မျက်နှာကသိသိသာသာညိုးကျကာမျက်ရည်လေးတွေဝဲစပြုလာသည်။မေမိုးလည်းစိတ်မကောင်းပါ လင်းခေးဆီစာမရေးစေချင်လို့မဟုတ်ပေမဲ့ ၁၀တန်းကျောင်းသားအတွက်စာမေးပွဲကပိုအရေးကြီးသည်မဟုတ်လား။

ပြောတုန်းကပြောလိုက်ပြီးမှ ပင်တိုင်စိတ်မကောင်းဖြစ်တော့လည်းမေမိုးမနေနိုင်။ညိုးငယ်နေတဲ့ပင်တိုင့်မျက်နှာလေးကိုသာ ညင်သာစွာကိုင်လိုက်ပြီး....

"ပင်တိုင်ရယ် မမမိုးကမင်းအတွက်ပြောနေတာပါ"

ခေါင်းလေးတဆတ်ဆတ်ငြိမ့်နေတဲ့ကောင်လေးက မျက်နှာလေးကတော့ညိုးငယ်နေဆဲဖြင့်...

တပင်တိုင်Where stories live. Discover now