
42 2 0
                                    

Zawgyi

အမ ကို နွဦေးချစ်နေတာ ၆ နှစ်ရှိပြီ။ နွဦေးအမကို "လွမ်း စာအုပ်ဆိုင်" မှာစတွေ့တည်းက ချစ်မိသွားတာ။ အမနောက်လိုက်ရင်း ကားနဲ့တိုက်ခံရလို့ ဆေးရုံးတက်လိုက်ရသေးတယ်။ အမတို့အိမ်နဲ့ နွဦေး တို့အိမ်က သိပ်မဝေးဘူးလေ တစ်လမ်းကျော်လောက်ဘဲဝေးတာ။ မနဲ့ နွဦေး ခင်တာလေးက အဆန်း အဲ့နေက အမတို့ လမ်းဘက်မှာ ခရေပန်းသွားခူးတာလေ။ ကံကောင်းတယ်ဘဲပြောရမလား ကံဆိုးတယ်လို့ ပြောရမလားတော့မသိဘူး နွဦေးရှေ့က ကလေးတစ်သိုက်က ခရေပန်း အားလုံးကောက်သွားတယ်လေ။

" ခရေပန်း ရမလားမှတ်တယ် ဟိုစောက်ကလေးတွေက အကုန်ယူသွားတာ ကြည့်ပါအုံး တစ်ပွင့် တစ်လေတောင် မထားခဲ့ဘူးကွာ ကျစ် "

နွဦေးလည်းစိတ်ပျက်လက်ပျက်ဖြစ်သွားကာ တစ်ခဏ အကြာမှာ နွဦေး အကြံတစ်ခု ရလာပြီ ခရေပင်နားသွားကာ

" ဟာ ငါသိပြီ ခရေပန်းလေးတွေရေ ကြွေစေကွာ "

ခရေပင်ကို နွဦေးအားရှိသလောက် လုပ်ချလိုက်တော့ ခရေပန်းလေးများ ကြွေကြလာတော့တယ်။
နွဦေး ခရေပန်းကြွေကျတာကို အံ့ဩတကြီးကြည့်နေတော့သည်။ပါးစပ်မှလည်း

" အမ "

~

နှင်းပွင့် တစ်ယောက် အိမ်အပြန်လမ်းအကွေ့တွင် ခရေပင်နားအေရာက်တွင် သူမပေါ်သို့ ခရေပန်းလေးများ ကြလာတော့ အစ ကတော့ လန့်သွားပေမဲ့ အချိုသာဆုံးအပြုံးလေးကိုပြုံးကာ အံဩသွားသည်။

"အမလေး......ဝို....လှလိုက်တာ"

ထိုချိန်တွင်ခရေပင်နားက သူမကို စိုက်ကြည့်နေတဲ့ ကလေးမကို တွေ့လိုက်ရသည်။သေချာကြည့်လိုက်မှ ဟိုလွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲက နှင်းပွင့်နောက်လိုက်နေတဲ့ တစ်ယောက်ပါ။ နှင်းပွင့်သူကိုသေချာကြည့်လိုက်တော့ ရုပ်ကတော့ အချောပါ။ ခေါင်းမှာလည်း ပတ်တီး အဖွေးသားနဲ့ ။ထိုချိန်မှာ ထိုကောင်မလေးပါးစပ်မှ

" အမ "

ဆိုတဲ့ လေသံတိုးတိုးလေးကိုကြားလိုက်ပါတယ်။

~

"ဟဲ့ ဟိုတစ်ယောက်အဲ့လောက်ထိမကြည့်နဲ့လေ"

You've reached the end of published parts.

⏰ Last updated: Nov 23, 2023 ⏰

Add this story to your Library to get notified about new parts!

တစ်သက်စာ အချစ် ( one shot ) တစ္သက္စာ အခ်စ္ ( one shot )Where stories live. Discover now