Part -36 ( Final -2 ) Main Final

Start from the beginning
                                    

မျက်ရည်တွေကျရင်းနဲ့ ရင်ခွင်ထဲကမြေးငယ်ကို အငိုတိတ်အောင်ချော့နေမိ၏။

" ကံဆိုးလိုက်တာ ဘွားဘွားမြေးရယ်...မွေးပြီးပြီးချင်း ဖခင်တစ်ယောက်ရင်ခွင်မဲ့ရတယ်လို့ မြေးငယ်ရယ်..ဘွားဘွားရင်တွေနာလိုက်တာ.ဟင့်! ဘာလို့ ကံကြမ္မာကြီးက အပြစ်မဲ့တဲ့ကလေးတွေကို မိဘရင်ခွင်မဲ့စေတာလဲ..မတရားလိုက်တာ..ဟင့်! "

ရင်ခွင်ထဲက မြေးငယ်နဲ့ အစ်ကို့လက်ထဲက မြေးမလေးကို ကြည့်ပြီး ချယ်‌ယောင်းရင်တွေကွဲကြေသလိုခံစားရ၏။

~

~

~

" အူဝဲ... အူဝဲ....အူဝဲ.."

" ဟော! ကိုကိုနားထောင်ကြည့်! မောင်တို့ သားလေးငိုနေပြီလေ... ကိုကိုထပြီးနို့တိုက်ရမယ်လေ ..ထနော် အကြာကြီးအိပ်မနေနဲ့ ကိုကိုရဲ့.."

ဂျောင်ဂုရဲ့ ဖြူဖျော့ဖျော့မျက်နှာလေးကို ဖွဖွလေးထိပြီးနိုးနေတဲ့ထယ်ယောင်း ...

" ကိုကိုထပါနော်...ကိုကို! ဟင့်! မောင်တောင်းပန်ပါတယ် ပြန်လာခဲ့ပါ..ဟင့်! ကိုကို..မောင်မှားပါတယ်ကွာ...ထပါတော့နော်..."

ဂျောင်ဂုရဲ့ ကိုယ်လေးကိုဖတ်ပြီး အသည်းအသန်ငိုနေတဲ့ ထယ်ယောင်း...

" ကိုကိုရာ... မောင့်ကြောင့်ပါ မောင်အသုံးမကျလို့ပါ...မောင့်အမှား... မောင့်သာ ကိုကို့ရဲ့ဖြစ်တည်မှုကို လစ်လျူမရှုဘဲ ကိုကိုဖြစ်ချင်တာကို သိအောင်လုပ်ခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး...မောင့်ကြောင့်ပါ..."

မနိုးထနိုင်တော့တဲ့ ကိုယ်ငယ်လေးကို ဖက်ပြီးတောင်းပန်နေမိ၏။

" ကိုကိုမရှိဘဲ မောင်မရှင်သန်နိုင်ဘူး ကိုကိုရဲ့ ...ဘာလို့မောင့်ကိုထားခဲ့တာလဲ...ကိုကိုရောဂါအကြောင်းမောင့်ကိုဘာလို့အသိမပေးခဲ့တာလဲ..ကိုကိုရာ..အခု...အခုတော့လေ..မောင်ရင်တွေနာနေပြီကိုကိုရဲ့...မောင် အရမ်းနာကျင်နေပြီကိုကို..မောင့်ဆီပြန်လာခဲ့ပါ..သားလေးစောင့်နေတယ်ကိုကိုရဲ့ သမီးလေးလည်းရှိတယ်လေ...မောင်တို့ မိသားစုတွေ ခရီးတွေထွက်ရအုံးမယ်..ထပါတော့ကွာ..."

" မောင့်ကို စိတ်ဆိုးနေတာလား..ရိုက်! ရိုက်နော် မောင့်ကို ကိုကိုစိတ်ပြေတဲ့အထိရိုက်နော် ပြီးရင်တော့ မောင့်ဆီပြန်လာခဲ့ပါ.."

Dear Ko Ko ( Complete)Where stories live. Discover now