Part -36 ( Final -2 ) Main Final

Start from the beginning
                                    

တစ်လှမ်းချင်းလှမ်းပြီး ငိုလည်းငိုကာ စကားတွေပြောနေတဲ့ ထယ်ယောင်း..

"မောင့်ကိုကိုက အိပ်နေတာလေ..သူတို့က အရူးတွေ သိလားကိုကို...ကိုကိုက သားလေးကို မွေးရလို့ ပင်ပန်းပြီးအိပ်နေတာကို သေပြီတဲ့ မဟုတ်တာတွေ လျှောက်ပြောနေတာ.."

" အိပ်နော် ချစ်ရတဲ့ ကိုကို..မောင့်ရဲ့ ကိုကို..ပြီးရင်တော့ ပြန်ပြီးနိုးလာရမယ်နော်..အာ! ကိုကို အသက်ရှုကျပ်နေမှာပေါ့...မောင် ဒီပိတ်အဖြူကြီးကို ဖယ်လိုက်မယ်နော်..အင့်! သွားစမ်း!! ငါ့ကိုကို အသက်ရှုကြပ်အောင်လို့..အုပ်ထားတယ် ..ကိုကိုက နှလုံးရောဂါရှိတယ် အသက်ရှုမဝရင် ဘယ်လိုလုပ်မလဲ.."

ခန္ဓာကိုယ်ပေါ်လွှမ်းခြုံထားတဲ့ ပိတ်အမြူလေးကို အဝေးကို လွှင့်ပစ်လိုက်တဲ့ ထယ်ယောင်း....

" လှလိုက်တာ ကိုကိုရာ...မောင့်ကိုကိုက အိပ်နေတာတောင်လှသေးတယ်နော်..မောင့်ကအရမ်းချစ်တာ..မောင့်ကိုကိုကလေ...အိပ်နေတာတောင် မောင့်ကိုဆွဲဆောင်နိုင်တုန်းဘဲ.."

အေးစက်စပြုနေတဲ့ လက်တွေကိုဆုပ်ကိုင်လိုက်ပြီး တဖွဖွနမ်းကာပြောနေတဲ့ထယ်ယောင်း မျက်ရည်တွေအပြည့်နဲ့ပင်...

" အာ! ကိုကို့လက်ကအေးနေတယ် အဲကွန်းဖွင့်ထားလို့ထင်တယ် မောင်နွေးအောင်လုပ်ပေးမယ်နော်.."

ဂျောင်ဂုရဲ့လက်ကလေးကို ပွတ်တိုက်ပေးလိုက် အာငွေ့ပေးလိုက်လုပ်နေတဲ့ ထယ်ယောင်းရဲ့ ပုံစံက အရူးတစ်ယောက်လို..

ခွဲခန်းတံခါးက ဖွင့်ထားတာကြောင့် အထဲကထယ်ယောင်းရဲ့ အသံက အတိုင်းသားကြားနေရပြီး..ထယ်ယောင်းရဲ့ ပုံစံကိုပါ မြင်နေရ၏။

" အစ်..အစ်ကို သား..သားလေးကို ကြည့်ပါအုံး..အစ်ကိုရယ်..သားလေး အရမ်းခံစားနေရတာ.."

ချယ်‌‌ယောင်းက အရူးတစ်ယောက်လို ဖြစ်နေတဲ့ သားရဲ့ ပုံစံကိုကြည့်ပြီး နှလုံးနင့်အောင်ငိုနေမိသည်။

" အူဝဲ... အူဝဲ....အူဝဲ.."

ချယ့်လက်ထဲက ကလေးကပါငိုတော့ ချယ်တို့ ကလေးကိုကြည့်လိုက်သည်။

" မငိုပါနဲ့ မြေးလေးရယ်..တိတ်! တိတ်! ဘွားဘွားရှိတယ်..တိတ်နော်..ကျွတ်! ကျွတ်! "

Dear Ko Ko ( Complete)Where stories live. Discover now