"အောင်မယ် အောင်မယ်၊ဆူတာတောင် ငါကဇာတ်လမ်းတွဲတွေလို တစ်ပိုင်းနဲ့တစ်ပိုင်းရပ်ပြီးဆူနေရမှာလား"
ပင်တိုင်ဘာမှမပြောဝံ့တော့ပါ။ဆက်ပြောနေလျှင်လည်း ဒေါ်အေးသွယ်ဆူတာရပ်မှာမှမဟုတ်ဘဲ။
ကလင်....ကလင်.....
"ဟော ဆရာလေးကိုသူရလာပြီထင်တယ်"
စက်ဘီးဘဲလ်သံကြားတော့ ဒေါ်အေးသွယ်ဆူနေတာရပ်ကာ အိမ်ရှေ့ကိုသွားကြည့်လေသည်။သူမထင်သည့်အတိုင်း စက်ဘီးတစ်စီးနဲ့ခြံထဲဝင်လာတဲ့သူရကလည်း သရက်ပင်အောက်မှာစက်ဘီးလေးရပ်လို့ပင်။
"မေမေ ဆရာလေးကဘာလို့လာတာလဲ"
"သြော် ဘာလို့လာတာလဲဟုတ်လား၊တော်က ခွေးကိုက်ခံရလို့ဆရာလေးဆီမကြွနိုင်တော့ ဆရာလေးကိုဘဲကြွခိုင်းရတာပေါ့"
"ဒါဆိုဆရာလေးက ပင်တိုင့်ကိုစာပြဖို့ကြွလာတာပေါ့"
"ဘာ!..."
ဒေါ်အေးသွယ်ပြောတဲ့အတိုင်း ပင်တိုင်ယောင်ပြောမိပြန်ရာ သူမထအော်လိုက်တာအလန့်တကြားပင်။
"စာပြဖို့ရောက်လာတာလားပြောတာပါ"
"ဘာတွေဖြစ်နေကြတာလဲဗျ"
သူရအိမ်ထဲရောက်လာတော့ ပင်တိုင်ထဖို့လုပ်လိုက်ပေမဲ့ သူရကပင်တိုင့်အကြောင်းကိုကြားပြီးဟန်တူသည်။ခြေသလုံးကပတ်တီးကိုကြည့်ပြီး ထိုင်နေရန်သာလက်ဟန်ဖြင့်ပြလေသည်။
ဒေါ်အေးသွယ်ကတော့ သူရတောင်မထိုင်ရသေး၊ပင်တိုင့်အကြောင်းတွေ စတင်ပြီးတိုင်ကြားပါတော့သည်။
"ဆရာလေးလဲပင်တိုင့်အကြောင်းကြားပြီးရောပေါ့၊ဘယ့်နှယ့်တော် လမ်းသွားတာတောင်လမ်းကိုမှန်အောင်ကြည့်ပြီးမလျှောက်နိုင်လို့ ဒီလိုဖြစ်ရတာ။အမြဲပေါ့ဆဆနဲ့"
"သူလဲဒီလိုဖြစ်မယ်မထင်လို့ပေါ့ဒေါ်လေးရယ် အရမ်းကြီးလဲအပြစ်မတင်ပါနဲ့"
ဒေါ်အေးသွယ်အဖြစ်က ရှေ့နေငှားမှထောငထလုံးလုံးကျသည့်အဖြစ်ရယ်ပါ။သူရဆုံးမလေမလားမှတ်ကာ တိုင်လိုက်ပေမဲ့ သူရကပါကာကွယ်ပေးနေလေသည်။
"ဒီဆရာနဲ့ဒီတပည့်လိုက်လဲလိုက်ပါ့တော် ဆရာလေးတပည့်ကိုသိပ်လဲအလိုမလိုက်နဲ့ဆရာရေ"
တပင္တိုင္(Part 9)
Beginne am Anfang