"ဒါမှန်းသိရင်အိမ်ရောက်မှစားပါတယ်"😑

ဆိုကာထယ်ဟျောင်းအားပေးလိုက်သည်

"မင်းကလည်း အချင်းချင်းကို အကျင့်ကောင်းပုတ်အုံးမယ်"😒

ဂျီမင်းလက်ထဲမှချောကလတ်ယူကာစားရင်းပြောသည်ခဏအကြာဆိုဘတ်နဲ့ထယ်မင်ပါ‌ရောက်လာကြပြီးဂျီမင်းချောကလတ်ကိုဝိုင်းစားကာကုန်သွားပါတော့သည်။

နေ့ခင်းမုန့်စားကျောင်းဆင်းတော့
ဂျီမင်းကစာမပြီးသေးတာကြောင့်အပြင်
မထွက်ရသေးပဲဆက်လုပ်နရသည်

သူငယ်ချင်းသုံးယောက်ကတော့မစောင့်နိုင့်ပဲ
ဂျီမင်းအားပြစ်ထားတာထွက်သွားသည်

ဂျီမင်းစာလည်းပြီးရော

"ဟမ် တော်တော်သူငယ်ချင်းကောင်းပီသတဲ့ကောင်တွေ ငါ့ကိုပြစ်ထားခဲ့တယ် တွေ့မယ်
သတောင်းစားလေးတွေ"

ဆိုကာကျိန်းပြီးထွက်ရှာပါတော့သည်
ဟိုနားဒီနားရှာနဲ့မတွေ့ပါ
ရှာနေရင်းရုတ်တရပ်ကျောင်းသစ်ပင်
အောက်ကခုံလေးတစ်ခုံမှာထိုင်နေတဲ့ကောင်လေးကိုရိပ်မိလိုက်မိသည်

"ဟာ အွဲ့ဟိုကောင်လေးပဲ"

ဆိုကာထိုကောင်လေးအနားသို့

ထိုကောင်လေးကမုန့်ထုတ်လေးကိုလက်မှာကိုင်ထားကာမစားပဲလက်မှာကိုင်ထားပြီး
ထိုင်နေသည်

"ဟိတ်"

ထိုကောင်‌ငယ်လေးကခေါင်းလေးမော့ကြည့်လာသည်

"ကို့ ကိုမှတ်မိတယ်မလား"

ထိုကောင်လေးကတော်ကြာမှခေါင်းညိတ်လိုက်သည်

"‌တော်သေးတာပေါ့ ဒါနဲ့ဘာလုပ်နေတာလဲ"

ထိုကောင်လေးကဘာမှမပြောပဲကိုင်ထားတဲ့မုန့်ထုတ်လေးကိုပြသည်

ဂျီမင်းသဘောပေါက်သည်

"အော် ထိုင်လို့ရလား"

ကောင်ငယ်လေးကခေါင်းညိတ်ပြီးတစ်ဖက်သို့တိုးပေးလိုက်သည်
ဂျီမင်းကဝင်ထိုင်လိုက်ကာ

"တစ်ယောက်တည်းလား
သူငယ်ချင်းတွေဘာတွေရော"

ထိုကောင်လေးကခေါင်းခါလိုက်သည်

ကိုကို့ ကိုချစ်တယ်Where stories live. Discover now