"ဟင် ဘာကိုလဲ"
"စောနကဘာပြောလိုက်တာလဲ"
"ဘာမှမဟုတ်ဘူး စားကြရအောင် ကင်မ်ချီထမင်းကြော်နဲ့ အရွက်ဟင်းချို လုပ်ထားတယ်"
"အင်း"

အရင်တစ်ခေါက်ကလည်းစားဖူးလို့သိတယ်ဆိုပေမယ့် CEO ကလေဟင်းချက်တာတော်တော်ကောင်းတယ် စာဖိုမှုးတောင်လုပ်လို့ရလောက်တယ် အင်း ဒီလိုချက်ကျွေးတာမျိုးသာနေ့တိုင်းစားရမယ်ဆိုတော့ ဟိဟိ ရား ယန်းဂျောင်ဝန်း မင်းဘာတွေစဥ်းစားနေတာလည်း မဟုတ်တော့ဘူးနော်မင်းတော့ အသိစိတ်ကပ်စမ်း ကိုယ့်ဘာသာကိုယ်တွေးနေရင်းတန်းလန်းနဲ့ ခေါင်းတွေပါရမ်းပြီးတော့ပါးကိုပါအသိစိတ်ဝင်အောင်တစ်ချက်ရိုက်လိုက်ပေမယ့် ဟိုတစ်ယောက်ကဆီကမေးခွန်းသံတွေကစီပြီးထွက်လာတယ်

"ဘာဖြစ်လို့လဲ ဝန်းလေး စားမကောင်းလို့လား ငန်သွားလို့လား စပ်သွားလို့လား"
"ဘာမှမဖြစ်ပါဘူး စားကောင်းပါတယ်"
"တော်သေးတာပေါ့ မသိဘူးလေ ဝန်းလေးက ခေါင်းတွေပါရမ်းပြီးတော့..."
"CEO စားစရာရှိတာစားပါတော့"
"အင်း CEO ဖြစ်သွားပြန်ပြီပေါ့ ညတည်းကတော့ဂျေးဟျောင်းဆိုပြီးတော့"
"ဗျာ"
"ဘာမှမဟုတ်ဘူး စားလေ"

CEO ကတိုးတိုးလေးပြောလိုက်တာဆိုပေမယ့်လည်း ကြားဖြစ်အောင်တော့ကြားလိုက်ပါတယ် ညတည်းကတော့မူးပြီးခေါ်လိုက်တာလေ ပြီးတော့မူးပြီးအသိစိတ်မရှိလို့လေ ဒီလိုအသိစိတ်ရှိရင်တော့ခေါ်ပါ့မလား

................................

ဒီနေ့ကအလုပ်ပိတ်ရက်မလို့ပြီးသွားတော့ CEO ကအိမ်ပြန်လိုက်ပို့ပါတယ် ပြန်လာတဲ့တစ်လမ်းလုံးလည်းဘာမှမဖြစ်ပေမယ့် ပြဿနာကတော့အိမ်ပြန်ရောက်တာနဲ့စတာပေါ့

"အမေ ဂျောင်ဝန်းပြန်ရောက်ပြီ ရား ယန်းဂျောင်ဝန်း နင်ညကပြန်မလာဘူးနော်"
အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရတဲ့ချစ်လှစွာသောအစ်မဆီကအသံ

"ဟင် ပြန်ရောက်ပြီလား"
"အင်း ဟိုမှာ"
"အမလေး သားရယ်အမေတို့မှာစိတ်ပူလိုက်ရတာ ဂျယ်ယွန်းတို့ကိုဖုန်းလှမ်းဆက်တော့လည်း သားကသက်သက်ပြန်သွားတာတဲ့ ပြပါဦးထိခိုက်မိတာမရှိဘူးမလား"
"မရှိပါဘူး အမေရဲ့ စိတ်ပူမနေပါနဲ့"
"အင်းပါ ပြီးတာပါပဲ အမေကစိတ်ပူနေတာ"
"စိတ်မပူပါနဲ့ ဟင်းချက်နေတာမလား သွားချက်တော့လေ"
"အင်းပါ"
ဆိုကာအမေကတော့မီးဖိုချောင်ထဲပြန်ဝင်သွားလေရဲ့
အခုရှင်းရမှာက မမတစ်ယောက်ပဲကျန်လိမ့်မယ်

Sweet Love [Complete]Where stories live. Discover now