Part_5(ကြင်ယာတော်ကြိုဆိုပွဲ)

1.5K 143 3
                                    

Unicode

"မင်းသားရှောင်း ဆေးသောက်ရအောင်"
ကျဲပြောတဲ့နည်းအတိုင်းဆေးကိုကျိုလို့အရည်စစ်ထုတ်ကာခွက်ထဲထည့်လာပြီး လက်ထဲမှာလည်းသကြားလုံးထုတ်လေးကိုပါအဆင်သင့်ယူလာခဲ့လိုက်သည်
သကြားလုံးနဲ့ဆေးတည့်မတည့်ကျဲကိုမေးမိတော့
ကျဲပြောတာ ကလေးလေးတွေဆေးသောက်ပြီးရင်တောင်သကြားလုံးကျွေးရသေးတာတည့်တာပေါ့တဲ့ အခုမင်းသားရှောင်းကရူးနေတာဆိုပေမဲ့လည်းကလေးတစ်ယောက်လိုပဲလေ အဲ့တာကြောင့်မလို့သူသကြားလုံးထုတ်ကိုကျဲဆီကနေတောင်းလာခဲ့တာ အခုတော့မင်းသားရှောင်းကလည်းသကြားလုံးကြိုက်တယ်ဆိုတော့ကွက်တိပဲပေါ့

"ဝမ်ဝမ် ငါစဥ်းစားထားတာလေ"

"အင်း"
မင်းသားရှောင်း၏ကုတင်ပေါ်တွင်ဘေးတစ်စောင်းဝင်ထိုင်လိုက်တော့သူ့နားကပ်ကာ​ပြောလာသည်ဘာပေါက်ကရတွေစဥ်းစားမိလဲတော့မသိ

"ဒီလိုလေ ငါဝမ်ဝမ်တိုက်တဲ့ဆေးနဲ့သကြားလုဲးနဲ့ကိုတပြိုင်တည်း သောက်လိုက်မယ်လေ အာ့ဆိုငါလည်းမခါးတော့ဘူး အချိန်လည်းမလင့်တော့ဘူးပေါ့ မဟုတ်ရင်တစ်ခုပြီးတစ်ခုလုပ်နေရတဲ့အတွက်အချိန်ပိုကုန်တယ်လေမဟုတ်ဘူးလား"
မျှော်လင့်ချက်မျက်ဝန်းတွေနဲ့ကြည့်ကာမေးလာပေမဲ့ ပေါက်ကရမျှော်လင့်ချက်ကလေးဖြစ်နေတာကြောင့်

"မဟုတ်ဘူး"
သူပြောတော့နားမလည်သယောင် ဒါပေမဲ့နှုတ်ခမ်းကတော့တစ်ထောင်လောက်ထော်ထွက်လာသည်

"ဘာ မဟုတ်တာလဲ"

"နှစ်ခုလုံးကိုဘယ်လိုမှရောသောက်လို့မရဘူး ရောသောက်မယ်ဆိုရင်တော့မင်းသားရှောင်း heart attack ဖြစ်ပြီးရှောသွားလိမ့်မယ်"
ပြောချင်ရာပြောပြီး မင်းသားရှောင်းကိုကြည့်မိတော့ သူ့အားနားမလည်ဟန်ပါးစပ်ကြီးဟပြီးကြည့်နေတာကြောင့်

"ကျနော်ပြောသလိုပဲသောက်ပါ ဟ အာ..."
ကလေးဆေးတိုက်သလိုတိုက်မိတော့ မင်းသားရှောင်းကလည်းအူကြောင်ကြောင်လေးပါးစပ်ဟလာတာကြောင့်ဆေးခွက်အားပါးစပ်နဲ့တေ့ပေးလိုက်သည်
ဆေးကတစ်ငုဲစာပဲရှိတာကြောင့်ဘယ်လောက်မှမကြာလိုက် သောက်ရသည်ကမင်းသားရှောင်းဖြစ်ပေမဲ့ သူကမင်းသားရှောင်းအစားမျက်နှာကြီးရှုံ့မဲ့နေရကာ

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now