ပုံမှန်အားဖြင့် ချိတ်စည်းတံဆိပ်က ပေါက်ကွဲပြီး လီကွမ်ရီ၏ ကြိုးစားမှုကို ဖျက်ဆီးပစ်သင့်သည်။ သို့သော် ဖြစ်မလာပေ။ ကံမကောင်းစွာပဲ လီကွမ်ရီကို ဟန့်တားခြင်းပင် မလုပ်ခဲ့ချေ။ ယင်းမှာ အတော်လေး ထိတ်လန့်ဖွယ်ကောင်းလှ၏။ သူမ၏ မှတ်ဉာဏ်ပင်လယ်စည်း ကျိုးပျက်ခြင်းသည် နတ်ဘုရားသုတ်သင်ခြင်းတာအို၏ နည်းစနစ်တွေရှိနေသော အဆောက်အဦတစ်ခု၏ တံခါးကျိုးပျက်သွားခြင်းနှင့် မခြားပေ။

      "အခုဟာကမှ နတ်ဘုရားသုတ်သင်ခြင်းတာအိုအစစ်ပါ ..."လီကွမ်ရီက ထိတ်လန့်တုန်လှုပ်နေသည့် စစ်မာယွီကျန့်ကို ပြုံး၍ကြည့်လိုက်သည်။
     "တာအိုအပေါ် မင်းရဲ့ခံယူချက်တွေက လွဲမှားနေတယ် ... လုပ်ကြံသတ်ဖြတ်တဲ့ နည်းစနစ်တစ်ခုဆိုပေမယ့် စိတ်ခံစားချက်မပါတ​ဲ့ စက်ယန္တယားရုပ်တွေလို မလုပ်ရဘူးလေ ... မင်းရဲ့ဆရာက ဒီအချက်ကို နားမလည်ဘူးထင်တယ် ... ဒါကြောင့်လည်း နတ်ဘုရားသုတ်သင်ခြင်းတာအိုနဲ့ ပတ်သက်တ​ဲ့ မင်းရဲ့အသိအမြင်တွေက နိမ့်ကျနေတာ ..."

     စစ်မာယွီကျန့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လီကွမ်ရီကို အလန့်တကြားကြည့်သည်။ တစ်ချိန်ထဲမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့၏။ မျက်လုံးအတွင်းမှ အလင်းရောင်တွေ တဖျပ်ဖျပ် လင်းလက်လာခဲ့ပြီး နှလုံးသားတစ်ခုလုံးလည်း ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့သည်။

     စစ်မာယွီကျန့်သည် ပိုင်ကျန့်ကျန်းနှင့် မတူပေ။ ပိုင်ကျန့်ကျန်းက အကြင်နာမဲ့ဓားတာအိုကို ငယ်စဥ်ကတည်းက လေ့လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ ရေခဲတမျှ အေးစက်သော အမူအရာနှင့် အမူအကျင့်တွေက သဘာကျပြီး ကိုယ်တိုင်လည်း လူသတ်ဖို့ဖြစ်တည်နေသည့် ဓားတစ်ချောင်းနှင့် သဏ္ဍာန်တူသည်။

     စစ်မာယွီကျန့်မှာမူ ခံစားချက်မရှိသူ မဟုတ်ပေ။ ပိုင်ကျန့်ကျန်းလို အကြင်နာမရှိသူတစ်ဦးအဖြစ် မွေးလာခဲ့ခြင်းမဟုတ်ပေ။ ဆက်ခံသူနေရာအတွက် ယှဥ်ပြိုင်ချိန်၌ ဂိုဏ်းတူမောင်လေးကို ရှုံးနိမ့်ပြီးနောက်မှသာ နတ်ဘုရားသုတ်သင်ခြင်းတာအိုကို စတင်ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှသာ ခံစားချက်ကင်းမ​ဲ့သည့် ရေခဲလူသားတစ်ယောက်အသွင် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now