လင်းခေးမျက်နှာသစ်ပေးတာကို သဘောအကျကြီးကျကာပြုံးနေတဲ့ပင်တိုင့်ကိုမြင်မှ ဒေါ်အေးသွယ်လည်းစိတ်အေးနိုင်သည်။ရောဂါတစ်ဝက်သက်သာလာသလို ပင်တိုင်ထနိုင်ထိုင်နိုင်လာတော့ အရင်ရက်တွေကနဲ့စညလျှင်တိုးတက်လာသည့်သဘောပင်။
ကလေးတွေမျက်နှာသစ်ပြီးပြီးခြင်း အသင့်ယူလာတဲ့ထမင်းပန်းကန်လေးကိုကိုင်ကာ ဒေါ်အေးသွယ်ရပ်စောင့်နေခဲ့၏။
"သား ထမင်းစားရအောင်နော်"
ဒေါ်အေးသွယ်ထမင်းစားဖို့ပြောကာမှ သတိရတယ်။ညကပင်တိုင်ပြောသည့်အထဲ လင်းခေးနားမလည်တာရှိတာကြောင့်....
"ပင်တိုင်ကပြောတယ် သူထမင်းစားလည်းသူ့ဗိုက်ထဲမနေကြဘူးဆိုတာ ဘာပြောတာလဲ"
"ထမင်းပြန်စားတော့လည်း စားသမျှပြန်အန်နေတယ်သားရယ်၊အခုလည်းကျွေးသာကျွေူးရမှာ ပြန်အန်ဖို့များတယ်"
လင်းခေးလည်း ဒေါ်အေးသွယ်လက်ထဲကထမင်းပန်းကန်ကိုကြည့်ကာ အတော်လေးအကြပ်ရိုက်နေခဲ့သည်။မစားတာကိုသူချော့ကျွေးလို့ရနိုင်ပေမဲ့ ပြန်အန်မှာကိုတားဖို့အရေး လင်းခေးအတော်တွေးနေခဲ့ပြီးမှ.....
"ဝါးကျွေးရင်ကောမေမေလေး"
လင်းခေးပြောမှဒေါ်အေးသွယ်လည်း စဉ်းစားမိတယ်၊ထမင်းစားလို့ပြန်အန်နေရင်တောင် ဝါးကျွေးရင်တော့ပြန်မအန်ကောင်းမအန်နိုင်ပါရဲ့။
ဘာဘဲဖြစ်ဖြစ် ကြိုးစားကြည့်လို့မမှားတာမို့...
"ဟုတ္သားဘဲ မေမေဝါးပြီးခွံ့မယ်နော်သား"
ပင်တိုင် လင်းခေးလည်ပင်းလေးကိုသိုင်းဖက်ပြီး ခါးခါးသီးသီးငြင်းဆန်လေသည်။အစာစားဖို့ ပင်တိုင်ဘဲစိတ်ပြောင်းသွားသည်လားမသိချေ။
"မေမေခွံ့နဲ့ ကိုကိုဝါးခွံ့"
ကြားလိုက်ရတဲ့စကားကြောင့် ဒေါ်အေးသွယ်ကိုယ့်နားကိုယ်တောင်မယုံနိုင်ပါ။သူမစိတ်ထဲ ပင်တိုင်များအစာစားဖို့ငြင်းမလားစိတ်ပူသွားပေမဲ့ တကယ်တမ်းပြောလာသည်ကဒါတဲ့လား။သူမဘဲအစိုးအရိမ်လွန်သွားသည့်ပုံ။
"ကိုကိုဝါးခွံ့တာဘဲစားမယ်နော် မေမေခွံ့နဲ့"
ဒေါ်အေးသွယ် မျက်နှာထားချက်ချင်းတင်းမာသွားပြီး.....
တပင္တိုင္(part 7)
Start from the beginning