အန်တီလေးနှင့်တီချယ့်အမေရော..အစ်မရော..ဆေးရုံသို့ခေတ်တို့နဲ့အတူလိုက်လာပြီး..လမ်းမှာ..တီချယ့်မေမေက အင်္ဂုလိမာလသုတ်ရွတ်နေသည်...

တီချယ်ကတော့ ခေတ်ရဲ့ဆံပင်ကိုဆွဲထားတာမလွှတ်သေးပေ..ခေါင်းတွေလည်းကျိန်းနေပြီ...

"သဲငယ်..မောင့်ဆံပင်တွေကျွတ်ကုန်ပြီလားမသိဘူး..ခေါင်းတွေလည်းကျိန်းနေပြီ..ဆံပင်မဆွဲနဲ့တော့နော်"

"အာ့..နာတယ်...ကျွန်မအခုလိုနာနေရတာ.ရှင့်ကြောင့်...ရှင့်ကိုလည်းနာအောင်ဆွဲထားမှာ" ဟု ဗိုက်နာနေရင်းနဲ့တောင် ခေတ်ကိုရန်ပြန်တွေ့နေသည့်သူကြောင့်..ခေတ်တို့အားလုံးရယ်မိကြသည်..

"ဟား...ဟုတ်ပါပြီဗျာ...ရတယ် ဆွဲဆွဲ..ကျေနပ်ရင်ပြီးတာပဲ"

အန်တီလေးနဲ့တီချယ့်မေမေတို့နှစ်ယောက်ကတော့...မနိုင်ဘူးဆိုသည့်အကြည့်ဖြင့်..ကြည့်နေကြသည်...

ဆေးရုံသို့ရောက်တော့....အန်တီလေးဖုန်းကြိုဆက်ထားသည်ဖြစ်သောကြောင့်...ခွဲခန်းအဆင်သင့်ဖြစ်နေပြီး...ဆရာဝန်တွေသူနာပြုတွေလည်း..အဆင်သင့်စောင့်နေကြသည်..

ခွဲခန်းသို့မဝင်ခင် Trolleyပေါ်က တီချယ့်လက်ကိုကိုင်ကာနဖူးကို တစ်ချက်နမ်းလိုက်ပြီး

"မောင်အပြင်ကစောင့်နေမယ်နော်..သဲငယ်"

"ဟဲ့...နင်တို့တွေ.ဒါဆေးရုံနော်..ဘေးမှာလည်းငါတို့ရှိတာ..သတိထားကြအုံး"

ခေတ်တို့နှစ်ယောက်ကိုကြည့်ပြီးအော်နေသည့်...မရီးဖြစ်သူကြောင့်..ရှက်ရှက်နှင့်လည်ပင်းကိုပွတ်ကာရယ်နေမိသည်..

"လူနာကို..ခွဲခန်းထဲခေါ်သွားပါတော့မယ်" ဟုWorker၏ အသံကြားသည်နှင့်

"သမီးလေး...မေမေတို့အပြင်ကစောင့်နေမယ်နော်..ဘာမှမကြောက်နဲ့သိလား" တီချယ့်မေမေ၏ စကားသံအဆုံး.တီချယ့်ကိုခွဲခန်းထဲသို့..ခေါ်သွားလေသည်..

ခွဲခန်းအပြင်ကနေ..တီချယ့်ကိုစိတ်မချသဖြင့်..ခေတ်မှာ ထိုင်လိုက်.ထလိုက်..နှင့်ဂနာမငြိမ်ဖြစ်နေမိသည်...

"ဟဲ့..ထိုင်နေ..နင့်မိန်းမဘာမှမဖြစ်ဘူး...စိတ်မချရင် ငါပါခွဲခန်းထဲလိုက်ဝင်မှာပေါ့...စိတ်ချရလို့ငါလိုက်မဝင်တာ..နင့်ကြည့်ရတာ..မျက်စိနောက်တယ်"

နင်သာရှိရင်Where stories live. Discover now