" ဖြန်း! ဖြန်း ! ဖြန်း! ဖြန်း! "

" ဟာ..သမီး..ဒယ်ဒီ စိုကုန်ပြီလေကွာ.. ကင်မ်ဟာနူး တော်တော် ဆိုးနေတယ်ပေါ့.."

ထယ်ယောင်းလည်း လက်ကိုရေစွတ်ပြီး မျက်နှာလေးကိုတောက်လိုက်တော့ ပါးစပ်လေးဟကာ မျက်နှာလေးကို ဟိုဘက်လှည့်ပြီး ရှောင်နေ၏။

"တော်ပြီကွာ..ကြာရင် အအေးပတ်မယ်နော် နူးနူးလေး...မြန်မြန်ရေချိုးပြီး အဝတ်လဲရအောင်..."

ပြောလဲပြော လက်ကလည်း သမီးလေးကိုယ်ပေါ်က ‌ဆပ်ပြာမြှုပ်တွေကို ရေဖြင့် ဆေးချပေးနေလိုက်သည်။

ပြီးမှ တပတ်အကြီးကြီးနဲ့ သမီးကို မျက်နှာပေါ်ရုံသာပတ်လိုက်ပြီးအနှီးထုပ်ကလေးလေးတွေချီသလို။ ပွေ့ချီပြီးအပြင်ထွက်လာလိုက်သည်။အပြင်ရောက်မှရေစင်အောင် သုတ်ပေးပြီး ကလေးလိုးရှင်း‌လေးကို ကိုယ်အနှံ့လိမ်း‌ပေးကာ အပြာနုရောင်ကာတွန်းဝမ်းဆက်လေးကိုဝတ်ပေးလိုက်၏။

နူးနူးလေးကတော့ သူလုပ်ပေးသမျှကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လိုက်ကြည့်ပြီး ငြိမ်ခံနေသည်။အားလုံးပြီးစီးသွားတော့ သမီးကို ချီပြီး အောပ်ထပ်ဆင်းကာ ညစာကျွေးလိုက်သည်။သူ့ရဲ့ အထိအတွေ့နဲ့အနည်းငယ်ဝေးနေတဲ့သမီးငယ်က သူ့ကို လွှမ်းနေပုံရ၏။မျက်စိအောက်ကအပျောက်မခံပေ...

နူးနူးလေးနဲ့ အတူဆော့ပေးပြီး ရှစ်နာရီလောက်ရောက်တော့ သမီးက အိပ်ပျော်သွားပြီ...ကိုကိုကတော့ အခုထိမနိုးသေး..ကြည့်ရတာ ပင်ပန်းသွားလို့ထင်တယ်...အိပ်ပျော်နေတဲ့ သမီးငယ်ကို ချီပြီး ကိုကို့ရဲ့ ဘေးမှာ သိပ်ထားလိုက်သည်။ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ ကိုကိုတို့သားအဖနှစ်ယောက်ကို ထယ်ယောင်း တစိမ့်စိမ့်ထိုင်ပြီး ကြည့်နေမိ၏။ သူ့ဘဝရဲ့ အသည်းအသက်လေးတွေ..

* မောင်တို့ အစကနေပြန်စကြမယ်နော် ကိုကို.. မောင်တို့ နောက်ထပ်ရင်သွေးလည်း ထပ်ယူကြမယ်..မောင် သတ္တိမကြောင်တော့ဘူး..*

ကိုကို့ရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး နမ်းရှိုက်လိုက်ကာပြောလိုက်၏။ သူ့ရဲ့အမှားကို သိပြီး ပြင်ဆင်တော့မှာ မလို့ ကိုကို ပြန်လက်ခံပေးဖို့ မျှော်လင့်ပါတယ်....

Dear Ko Ko ( Complete)Where stories live. Discover now