" ဒယ်ဒီ အတွေးမှားတွေကြောင့် သမီးရဲ့ ပါးပါးကို နာကျင်အောင်လုပ်မိခဲ့ပြီ... ဒယ်ဒီက အသိဉာဏ်မဲ့တဲ့ လုပ်ရက်မျိုးကိုလုပ်မိတာပါ..ဒယ်ဒီက အတွေးတိမ်တဲ့လူဘဲ သမီး..ဒါပေမဲ့ အခုကစပြီး ဒယ်ဒီရဲ့ အတွေးဆိုးတွေကိုဖယ်လိုက်ပြီ..ဒယ်ဒီ သမီးအတွက် နောက်ထပ် သွေးသားလေးယူပေးမယ်..ဒယ်ဒီတို့မရှိတော့တဲ့ အချိန်မှာ သမီးတစ်ယောက်တည်း ထက် သမီးအနားမှာ အဖော်ရှိနေတာပိုကောင်းမယ်လို့ဒယ်ဒီထင်တယ်.."

သမီးငယ်ကို ချီပြီး ပြောတော့ သူ့လက်ပေါ်က သမီးက မျက်လုံးဝိုင်းကြီးတွေနဲ့ နားလည်သလိုကြည့်လာသည်။

" အရင်လို ပျော်စရာကောင်းတဲ့မိသားစုလေးကို ဒယ်ဒီက ပြန်ရ‌အောင် ဖန်တီးပေးမှာပါ....မွ! "

ပါးဖောင်းဖောင်းလေးတစ်ဖက်ကိုမွှေးကြူပြီးပြောလိုက်တော့ ချစ်စရာသွားသေးသေးလေးတွေပေါ်အောင် ပြုံးပြလာတဲ့ နူးနူးလေး..ပြီးတော့ သူ့ရဲ့ ပါးပြင်ထက်ကို နှုတ်ခမ်းသေးသေး‌အိအိလေးနဲ့ ထိကပ်လာကာ နမ်းလာတဲ့ သမီးငယ်...

အိပ်ပျော်နေတဲ့ ကိုကို့ ကိုကြည့်ပြီး သမီးကို တိုးတိုးနေဖို့အချက်ပြလိုက်ကာ အရုပ်တွေနဲ့ဆော့‌ခိုင်းလိုက်သည်။သူကတော့ သမီးငယ်ရေချိုးလို့ရအောင် ရေနွေးနွေးလေးစပ်နေလိုက်၏။လိုချင်တဲ့ပမာဏရောက်တော့ သမီးကိုချီပြီး ရေချိုးခန်းထဲခေါ်လာလိုက်သည်။ကလေး bathrobe သေးသေးလေးထဲ ထည့်ပေးပြီး ဘဲရုပ် လေးနဲ့ ငန်းဖြူရုပ်လေးတွေထည့်ပေးလိုက်၏။သမီးက ငြိမ်ပြီး အရုပ်လေးတွေနဲ့ဆော့နေသလို ထယ်ယောင်းကလည်း သမီးရဲ့မျက်နှာနုနုလေးကို အရင်သန့်စင်ပေးလိုက်သည်။ ပြီးမှ baby mind ဆပ်ပြာကို ရေမြှုပ်ထဲထည့်ပြီး သမီးရဲ့ ကိုယ်လုံးသေးသေးလေးအနှံ့ကို ဖြေးဖြေးလေးပွန်တိုက်ပေးလိုက်၏။သမီးကတော့ သူ့ကိုယ်ကဆပ်ပြာလေးတွေကို လက်ဖြင့်သပ်ချပြီး ဆော့နေသည်။

" ဟာ! ဒယ်ဒီ ပေသွားပြီကွာ... နူးနူးလေးနော်...တွေ့မယ် ‌! အင့်! "

သူ့ကိုယ်က ဆပ်ပြာမြှုပ်လေးတွေကို လက်ညိုးလေးဖြင့်ယူကာ ထယ်ယောင်းရဲ့ ပါးပြင်ကိုသုတ်လိုက်ဝော့ သမီးအလိုကျ စိတ်စိုးချင်ယောင်းဆောင်ပြီး မျက်နှာမှုန်တည်တည်နဲ့ ပြောကာ ဆပ်ပြာမြှုပ်ယူပြီး သုတ်လိုက်သဖြင့် သမီးငယ်က ရယ်ပြီး ရေတွေကို လက်ဝါးသေးသေးလေးနဲ့ တဖြန်းဖြန်းရိုက်နေသည်။

Dear Ko Ko ( Complete)Where stories live. Discover now