Part 1
နှိုးစက်မလိုပဲ အလိုလိုနိုးတတ်သည့်အကျင့်ကြောင့် Ezra ပုံမှန်အချိန်ပဲ အိပ်ရာမှ နိုးလာခဲ့သည်။
မျက်လုံးကိုဖွင့်ပြီး နာရီကိုကြည့်မယ်ဆို အချိန်က မနက် ၇ နာရီဝန်းကျင်လောက်ဖြစ်လိမ့်မည်။
ဒါဟာ သူမနက်တိုင်းလိုလို နိုးတတ်တဲ့အချိန်ပါ။ ညဘက် ညဉ့်နက်ထိ ရှူတင်မရှိဘူးဆိုရင် သူက ည ၁၂ နာရီဝန်းကျင်လောက်မှာအိပ်ရာဝင်တတ်ပြီး မနက် ၇ နာရီလောက်မှ နိုးတတ်တာ ထုံးစံလိုပင်ဖြစ်နေပြီ။ အဲဒီအကျင့်ကောင်းလေးကြောင့်ပဲ သူဟာ ဘယ်တုန်းကမှရှူတင်နောက်မကျတတ်ပေ။
ရိုက်ကွင်းကိုဘယ်တော့မှနောက်မကျတတ်တဲ့အပြင် အလုပ်အပေါ်မှာ လေးစားမှုရှိပြီး တိကျတတ်သူမို့ Ezra Jones ဟာ လူချစ်လူခင်ပေါတဲ့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်နေတာ အထူးအဆန်းတော့မဟုတ်ပါ။
ပိုပြီးတိတိကျကျပြောရရင် Ezra ဟာ BL series များကိုအဓိကရိုက်ကူးခဲ့ပြီး BL လောကမှာ နာမည်ကြီးမင်းသားတစ်ယောက်ပါပဲ။
အသက် ၂၇ နှစ်သာရှိသေးပေမယ့် အနုပညာလောကမှာ နာမည်တစ်လုံးခိုင်ခိုင်မာမာရှိပြီးသားလူတစ်ယောက်ဖြစ်ရတာ လွယ်တော့မလွယ်။
နေ့တိုင်းအလုပ်အချိန်ဇယားတွေပြည့်နေသလို ဝါသနာကိုအရင်းပြုကာ ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီလဲထောင်ထားသူမို့ အားလပ်ချိန်ဆိုတာ တကယ်ကိုမရှိသလောက် ရှားပါးလွန်းလှသည်။
မတော်တဆအိပ်ရာထနောက်ကျတာမမျိုးမဖြစ်ရလေအောင် လိုလိုမယ်မယ်ပေးထာတဲ့နာရီနှိုးစက်မြည်သံကြောင့် ကုတင်ဘေးက စားပွဲပုလေးပေါ်မှာတင်ထားတဲ့ နှိုးစက်ကိုလှမ်းပိတ်လိုက်ပြီး အိပ်ရာမှချက်ချင်းမထသေးပဲ ဒီနေ့အချိန်ဇယားကိုစဉ်းစားမိသည်။
မနက် ၁၀ နာရီမှာ magazine မျက်နှာဖုံးတစ်ခုရိုက်ရမည်။ ပြီးရင် ၁၂ နာရီမှာ photo shooting တစ်ခုရှိသည်။
အဲဒါပြီးရင်တော့ နေ့လည် ၃ နာရီကစပီး ရုပ်ရှင်ရိုက်ကွင်းတစ်ခုစီပြေးရမှာဖြစ်သည်။
ဒါရိုက်တာက နိုက်ဆင်းန်ပါရှိမည်ဟု ကြိုပီးပြောထားပီးတာမို့ ဒီညတော့ ဘယ်ချိန်မှအိမ်ပြန်ရောက်မည်မသိရသေး။ ဒီညတော့ အိမ်ပြန်နောက်ကျလောက်မည်ထင်သည်။
YOU ARE READING
Light, Camera, Action ! (BL OC)
Romanceနာမည်ကြီး BL Actor တစ်ယောက်နဲ့ သရုပ်ဆောင်သစ်လေးတစ်ယောက် BL series တစ်ခုရိုက်ဖို့ဖြစ်လာခဲ့တယ်။ နှစ်ယောက်သားအလုပ်တွဲလုပ်ရင်းနဲ့ အဆင်ပြေသွားကြမှာလား၊ ဘယ်သူက ဘယ်သူ့အပေါ် နစ်ဝင်သွားမှာလဲ၊ ဘယ်သူက ဘယ်သူ့ကို ဆော့ကစားမှာလဲ။ Light, Camera, Action Baby ~~
