အကြည်ရည်နှင့်ခေါက်ဆွဲပြုတ်တွင် ကြက်သွန်နီ အနည်းငယ် ပါးပါးလှီးထားသော မြူပ်နေသော ခေါက်ဆွဲခြောက်များသည် အဖြူဝိုင်းပြီး ကြက်ဥပြုတ်ကြော်သည်လည်း လှပနေသည်။ ဘယ်လိုပဲကြည့်ကြည့် အရသာရှိမှာပဲ။

ဒါပေ့မယ့် ခေါက်ဆွဲခြောက်ရဲ့ပထမဆုံးအလုတ်ကိုစားလိုက်ပြီးခဏ ခေါက်ဆွဲထဲတွင် အရသာငါးမျိုး၏ ထူးဆန်းသောအရသာသည် ကမ္ဘာ ကြီး၏အဆုံးသတ်သို့ပြန်ရောက်နေပြီဟု တခဏလောက်တွေးလိုက်မိစေသည်။

စစ်ဟွိုင်ရှီးရဲ့ အမူအရာက ချက်ချင်းပင် ပုံပျက်သွားကာ မျက်မှောင်ကြုတ်လာပြီး အနည်းငယ် မအီမသာ ဖြစ်လာသည်။

မဖြစ်နိုင်သော ယုတ္တိဗေဒနည်းအရပင် စစ်ဟွိုင်ရှိးသည် Yan နှင့် Huang ၏သားမြေးများဖြစ်ပြီး ချက်ပြုတ်ခြင်းနှင့် စိုက်ပျိုးခြင်းဆိုင်ရာ အရည်အချင်းကို အားကိုးကာ အာလူး၊ ကန်စွန်းဥနှင့် ပိန်းဥတို့ဖြင့် အရသာရှိသော ဟင်းပွဲတစ်ပွဲကို အသာလေးချက်ပြုတ်နိုင်သည်၊ အခုတော့ ခေါက်ဆွဲတစ်ပန်းကန်တောင်..... ငါရိုး..

စစ်ဟွိုင်ရှီးသည် သူ့ ကြက်ဥကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည် ။

ကြက်ဥက ဆွဲဆောင်မှုရှိတဲ့ အရောင်တောက်တောက်တွေ ထွက်လာပြီး ပေါ့ပေါ့ပါးပါး ကိုက်လိုက်တဲ့အခါ အရသာက သာမန်ဥတွေလိုပါပဲ။ စစ်ဟွိုင်ရှိးသည် ချက်ခြင်းသက်တောင့်သက်သာဖြစ်လာသည်။ ကြွပ်ရွပြီး အရသာရှိမှု အဆင့်အထိ ချက်ပြုတ်ထားတောလေ..
အဟင်း...

ကုန်ကြမ်းက ပြသာနာမဟုတ်လောက်ဘူး.. ခေါက်ဆွဲကသာပြဿနာ ဖြစ်နိုင်တယ်။ စစ်ဟွိုင်ရှီးသည် ခေါက်ဆွဲထုပ်ကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်တယ်။ ခေါက်ဆွဲရဲ့ကုန်ကြမ်းများတွင် ဂျုံမှုန့်၊ ကြက်ဥ၊ ဟင်းနုနွယ်ရွက်၊ ဂဏန်း
အသား၊ ကြံအခွံ၊ အနက်ရောင်အခွံသီး၊ kodama ငှက်ကုလားအုတ်၊ သန်ကောင်ဥနှင့် သတ္တုဒြပ်စင်များပါဝင်ပါသည်တဲ့။ (ဘာတွေလဲ..)

ရှေ့မျက်နှာစာသည် ပုံမှန်ဖြစ်သော်လည်း နောက်ကျောကမမှန်နိုင်ဘူး။ ငှက်ကုလားအုတ်နှင့် သန်ကောင်ဥက ဘာကြီးတွေလဲ...

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Место, где живут истории. Откройте их для себя