"ဟ.. အစ်ကိုဖေးက တကယ်ကို သန်မာတာပဲ"

စစ်ဟွိုင်ရှီး  သက်ပြင်းအသာချလိုက်တယ်။

စစ်ဟွိုင်ရှီးကို အဆင့်မြင့်မားသော ဝိညာဉ်စွမ်းအားအသုံးပြုသူအဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်၊ သူ့ခန္ဓာကိုယ်ရဲ့အရေပြားမာကျောမှုမှာ အလွန်မြင့်မားပြီး သူရဲ့အရေပြားကိုဖြတ်ရန် ဖုတ်ကောင်များပင်လျှင် အချိန်အနည်းငယ်ယူရမည်ဖြစ်တယ်။

စစ်ဟွိုင်ရှီးရဲ့ လက်ရှိခန္ဓာကိုယ်သည်လည်း သူ့ဝိညာဉ်ရဲ့ လွှမ်းမိုးမှုအောက်တွင်ရှိနေပြီး သူရဲ့ ယခင်ဘဝအသွင်အပြင်နှင့် နီးစပ်လာနေတယ်။(မျက်နှာအပါအဝင်)

မူလပိုင်ရှင်က အဝေးမှအမှိုက်ကြယ်တစ်ပွင့်တွင် မွေးဖွားခဲ့ပြီး သူရဲ့ခက်ခဲကြမ်းတမ်းသော ဘဝက သူ၏အသွင်အပြင်ကို ညှိုးနွမ်းစေခဲ့တယ်။ သူ့မျက်နှာက အဝေးကနေ ကြည့်လို့ကောင်းပေမယ့် အနီးကပ်မြင်ရတဲ့အခါ အသားအရည်က ကြမ်းတမ်းပြီး သူ့လက်မှာ အသားမာတွေနဲ့ ပြည့်နေတယ်။ ပုပ်နေသော ဂေါ်ဖီထုပ် စိုက်ခင်းတွင် ကြမ်းတမ်းသော ဂေါ်ဖီထုပ် ကဲ့သို့ပင်။မျက်နှာအသွင်အပြင်က အရမ်းဆင်တူပေမယ့် လူတွေကို လုံးဝကွဲပြားတဲ့ပုံစံကိုပေးနိုင်တယ်။

စစ်ဟွိုင်ရှီးက သူ့ရဲ့စိတ်စွမ်းအားနဲ့ဆေးကြောပြီးနောက် လူတစ်ကိုယ်လုံးသည် ယခင်ထက် စင်တီမီတာ အနည်းငယ်ပိုမြင့်လာတယ်။ မူလက သူသည် 180 cm ပဲရှိသော်လည်း ယခုအခါ 190cm အမြင့်သို့ရောက်လုနီးပါး ဖြစ်နေပြီ။

ကြမ်းတမ်းသောမျက်နှာသွင်ပြင်ကို သန့်စင်သောခဲနဲ့ပွတ်တိုက်ထားလိုက်သလိုမျိုးအသားအရေက ဖြူစင်ချောမွေ့လာကာ ကြည်လင်ပြတ်သားသောပင်လယ် ပြာမျက်လုံးများသည် လူကိုတက်ကြွလန်းဆန်းစေသည့် ခံစားချက်ကိုပေးစွမ်းလာသည်။ .

တက်ကြွမှုအပြည့်ရှိနေသော ဒီပန်းပင်ငယ်သည် စားရဖို့တွေးကာ ပျော်နေ၏။ ငြိမ်းချမ်းရေးခေတ်ကို ရောက်ရှိလာသော စစ်ဟွိုင်ရှီးဟာ ပထမဆုံး အကြိမ်အဖြစ် ပျော်ရွှင်စွာ ချက်ပြုတ်နေသည်။

မီးဖိုချောင်ရှိ ခလုတ်များစွာကို ကြည့်လိုက်ရာ
စစ်ဟွိုင်ရှီးသည် ခဏမျှ တလှုပ်လှုပ်နှင့်နောက်ဆုံးတွင် ခေါက်ဆွဲတစ်ပန်းကန် ရလာသည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Donde viven las historias. Descúbrelo ahora