အိမ်အလုပ်တွေလုပ်လို့ပြီးတော့ ဧည့်ခန်းးက သမီးကိုကြည့်လိုက်၏။သမီးက အရုပ်တွေအလယ်မှာခွေခွေလေးအိပ်ပျော်ပြီ....အိပ်ပျော်နေတဲ့ သမီးငယ်ကို မနိုးအောင် ပွေ့ချီလိုက်ပြီး သူနဲ့ သမီးနေတဲ့ အခန်းထဲခေါ်သွားလိုက်သည်။

သမီးကို ကုတင်ထက် ဖြေးညင်းစွာချလိုက်ပြီး အိပ်ပျော်နေတဲ့ သမီးကို တစိမ့်စိမ့်ကြည့်နေမိ၏။သူနဲ့ ထယ်ယောင်းရဲ့ ကြားမှာ သမီးလေးက မြေဇာပင်ဖြစ်နေပြီ..သမီးနဲ့ ထယ်ယောင်းကိုလည်း ပေးမတွေ့တာ ကြာပြီ..။ဒယ်ဒီပို ခင်တွယ်တဲ့ သမီးမို့ ညနေထယ်ယောင်း အလုပ်ပြန်လာချိန်တိုင်း သူတို့က အခန်းထဲဝင်နေကြပြီမို့ မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်ပြီး သူ့ဒယ်ဒီကိုရှာနေတတ်ကြသည်။သူ့ရဲ့မျက်နှာရိပ်မကောင်းမှန်းသိတာကြောင့်....ဒီတစ်လော သမီးက အရင်ကလောက် မဆော့ဘဲ ငြိမ်ငြိမ်နေပေးတတ်၏။

သမီးကို သနားပေမဲ့ ဂျောင်ဂု ထယ်ယောင်းကို လက်မခံနိုင်တော့ပေ ... အိမ်ထောင်တစ်ခုက ယုံကြည်မှု၊ နားလည်မှု ၊သစ္စာတရား၊ ချစ်ခြင်းနဲ့ တည်ဆောက်ရတာအဲ့ထဲက တစ်ခုခုပျက်ဆီးသွားရင် အိမ်ထောင်ရေးက သာယာတော့မယ်မဟုတ်...အဲ့လိုဘဲ ငါတို့အိမ်ထောင်ရေးက ယုံကြည်မှုက ဖန်ခွက်တစ်ခွက်ဆိုရင် ကွဲကြေသွားတဲ့ဖန်ခွက်က ပြန်ဆက်လို့ရရင်တောင် အက်ကွဲရာတွေနဲ့မို့ အကောင်းတိုင်းမဖြစ်‌နိုင်တော့သလို..နားလည်မှုက ကြိုးတစ်ချောင်းဆို..ပျက်သွားတဲ့ကြိုးက ပြန်ချည်လို့ရတောင် အထုံးရာတွေနဲ့မို့ အသစ်တိုင်းမဖြစ်နိုင်တော့ဘူး...အဲ့လိုဘဲ ငါတို့အိပ်ထောင်ရေစလည်း အရင်လိုပြန်ပြီး သာယာနိုင်တော့မယ်မထင်ဘူး...

မင်းကို ထပ်ပြီး မယုံကြည်ရဲတော့ဘူး.. ငါ့ကို နားလည်အပေးနိုင်ဆုံးလို့ထင်ခဲ့တဲ့မင်းလည်း တကယ်တော့ ငါ့ကို နားမလည်ပါဘူး...အရင်က မင်းရဲ့ရင်ခွင်ဟာ ငါ့အတွက် အနွေးထွေးဆုံးလို့...ဒါပေမဲ့...အဲ့နေ့က မင်းရဲ့ရင်ခွင်ထဲမှာ လှုပ်မရအောင် အချုပ်ခံရပြီး ဆေးတိုက်ခံရတာကြောင့် ငါထင်မှတ်ခဲ့တဲ့မင်းရင်ခွင်က မနွေးထွေးဘဲ ငါ့အတွက် ပူလောင်နေခဲ့တယ်....ငါချစ်ခဲ့တဲ့မောင်..ငါ့ကို ချစ်ခဲ့တဲ့မောင် ဟုတ်ရဲ့လားလို့တောင် ငါထင်မြင်မိတဲ့အထိ..

Dear Ko Ko ( Complete)Where stories live. Discover now