suho တစ်ယောက် လှုတ်လို့ မရတဲ့ အဆုံး ဘေးဝန်းကျင် ကြည့်လိုက်ရာ မည်းမည်းအရာများ ကိုတွေ့ရသည်။ တစ်ချို့ မည်းမည်းအရာတွေ က လူပုံသဏ္ဌာန်လိုလို
လူပုလေးလိုလို ဘယ်လိုမှ ပုံဖော်လို့ မရပေ။suho နားထဲသို့ စကားသံအချို့ဝင် လာသည်။
#မရဘူး မရဘူး ဒီလိုမျိုးလုပ်ရင် ဘယ်မျှတမလဲ ကျွန်တော်မှာ သူ့ ကိုဒီထိခေါ် လာဖို့ ကျုပ် အားအင်တွေ တစ်ဝက် ဆုံးရှုံး ရတယ် ဒါကြောင့် ဆယ်ပုံ ပုံရင် လေးပုံက ကျုပ်နဲ့ဆိုင်တယ်။ #
#မရဘူး ဒီထဲမှာ ငါကသက်တမ်းအရင့်ဆုံးဆိုတော့ ပိုစားသင့်တယ်။#
#ကဲ ကဲ ငါဘဲဆုံးဖြတ်မယ် တစ်ယောက်ကိုတစ်ပုံဆီယူမယ်။ ပိုတဲ့ အပုံကို ငါ့တို့ မျှစားကြမယ်။ ဘယ်လိုလဲ သဘောတူကြလား။#
# တူတယ် တူတယ် တော်သေးတာပေါ့ သူကြောင့် ငါတို့ လူသားစားရတော့မယ်။ မောင်မင်းကြီးသားကျေးဇူးကြောင့် ဟဲဟဲ။#
suho တစ်ယောက်ထိုစကားများကြားပြီးသောအခါ~~~
suho pov; ဟင် ငါသေရတော့မှာလား။ ဟင့်အင်း ဟင့်အင်း ငါမသေချင်သေးဘူး ခုမှ uni ကျောင်းသားဘဲရှိသေးတာ သရဲနဲ့လည်း selfile မရိုက်တော့ပါဘူး အဘွားရေ ကျွန်တော်မှားပါပြီဗျ။
suho လည်း အငိုလွန်ကာ ရော ခေါင်းမူးတဲ့ ဒဏ်ရော ပေါင်းပြီး သတိပြန်မေ့သွားတော့သည်။
~~~ကျလိ ကျလိ ကျလိ ကျလိ~~~
suho; ဟင် ငါသေသွားပြီလား။ ဘာလို့ ငှက်အော်သံတွေ ကြားနေရပါလိမ့်။ ဘာလဲ နတ်ပြည်မှာရော ငှက်တွေ ရှိတာလား။
suho မျက်လုံးမဖွင့်ဘဲ တစ်ယောက်တည်းညည်းညူနေလေသည်။
sm; ဟေ့နိုးရင်လည်း ထတော့လေ။
suho တစ်ယောက်ထိုအသံကြားမှ မျက်လုံးဖွင့်ပြီး ကပြာကရာထလာကာ
suho;ဟင် ကျွန်တော်မသေသေးဘူးပေါ့။
sm; မသေသေးဘူး။ ပတ်ဝန်းကျင်လည်း သေချာကြည့်လိုက်ပါအုံး။
suho; ဟင် အဘွားအိမ်နားတောင်ရောက်နေပြီ။ ဒါနဲ့ ခင်ဗျား ကဘာလိုမျက်နှာဖုံးစွတ်ထားတာလဲ။
♡My Lover is a ghost♡(Krisho Yaoi)
Start from the beginning