He & I (Chansoo Yaoi fic)

2K 149 4
                                    

သာယာလှပသောနေ့လေးတစ်နေ့တွင် စိတ်ထဲမအေးချမ်းနိုင်သော ကောင်လေးတစ်ယောက် bus ကားပေါ်တွင် မတ်တတ်ရပ်ရင်းစီးနှင်းလိုက်ပါလာသည်။

မှတ်တိုင် တစ်ခုရောက်တော့ ကောင်ချောလေးတစ်ယောက်တက်လာသည်။

ကျွန်တော် သူ့ကိုကြည့်တာ တော်တော်အရပ်ရှည်တယ်။ နားရွက်လေးက ကားကားလေး မျက်နှာကလည်း ယောက်ျားပီသတဲ့ မျက်နှာလေး ဒါပေမဲ့ မျက်နှာမှာတော့ အလိုမကျနေတဲ့ ရုပ်ဘဲ။ ဘာတွေအလို မကျနေလဲမသိပါဘူး။

အော် ငါဘာတွေလျှောက်ကြည့်နေတာလဲ။ ဒီနေ့ အလုပ်သွားလျှောက်ရမှာ ဆိုတော့ ဘာတွေမေးမှာလဲ မသိဘူး

စိတ်ပူလိုက်တာနော်။ အရေးထဲ အဝတ်သစ်လေးဝတ်လာမိပါတယ် ချောင်နေလို့ ခါးပတ်ရှာ လိုက်ရှာတော့လည်း အလုပ်နောက်ကျနေလို့ ကောင်းကောင်းမရှာ လိုက်ရလို့ မတွေ့တော့ မပတ်လာခဲ့ဘူး။

ခုတော့ ဘောင်းဘီကို လက်နဲ့ ကိုင်ထားရပြီး ကျန်တဲ့ လက်တစ်ဖက်ကလည်း bus ကားတိုင်ကို ကိုင်ထားရတယ်။ ခုတော့ ဖိုင် ကလည်း အိတ်နဲ့ဆန့်လို့တော်သေးတယ်။ မဟုတ်ရင် အမေ့ဗိုက်ထဲပြန်ဝင် ပြီး လက်တစ်ဖက်ပြန်သွားယူရမယ့် ကိန်း အမေ့မှာရှိရင်ပေါ့ ဟဲဟဲ။

ကောင်ချောလေး ကျွန်တော့် နောက်မှာ လာရပ်တယ်။

yeol pov; အဖေများ သား လေးတစ်ယောက်လေးမွေးထားတာ ကို bus ကားစီးခိုင်းတယ်တဲ့။ သူပိုင်တဲ့ ကုမ္ပဏီ ကြီးမှာ ဘာတဲ့ အလုပ်သင်လာလျှောက်တဲ့။ မန်နေဂျာ ရာထူးပေးတော့ ဘာဖြစ်မှာစိုးလို့လဲ။ ခုလည်းကြည့်အုန်း ကိုယ့်ကားနဲ့ သွားမလို့ဟာ ဘာတဲ့ အတွေ့အကြုံရအောင် bus ကားစီးတဲ့ မုန်းလိုက်တာ ဟွန့်။ အမေကလည်း ထောက်ခံတယ် တားပေးမယ်မရှိဘူး။ ဒါနဲ့ ရှေ့ကကောင်လေးက ငါ့ထက်တော်တော်ပုတာဘဲ။ အဲတော့ ဘောင်းဘီ ကချောင်နေတာ နဲ့ တူတယ်။ လက်နဲ့ ကိုင်ထားရတယ်။

yeol တစ်ယောက် bus ကားလက်ကိုင်လေးကို လွတ်ပြီး ပါးစပ်လေးကိုအုပ်ပြီး ရယ်နေတယ်။ အဲ့ချိန်မှာ ကားက လမ်းချိုးလေးတစ်ကွေ့ ကိုကွေ့လိုက်တော့ ကောင်လေးကလည်း ဘောင်းဘီကိုင်ထားတဲ့ လက်ကိုလွှတ်လိုက်ပြီး တန်းကိုကိုင်လိုက်တယ်။

♡Candy♡  ♤One short collection♤Where stories live. Discover now