Gm - အဘွား။
sm - someone.
#Woh! သာယာလိုက်တာ မြို့လေးပေမဲ့ တော်တော် သာယာတယ်။
ကျွန်တော်တို့ soul မြို့လိုမဆူညံဘူး ။လေလည်းသန့်ရှင်းတယ်။ တောတောင် ရေမြေ တွေပံပိုးမှု ကြောင့် ဒီ ရွာ လေးကနေချင်စရာ ဖြစ်နေတာ။ ကျောင်းပိတ်တုန်း အဘွားဆီလာတာ မှန်သွားပြီ ဟဟ#
suho တစ်ယောက် အိမ်ရောက် ရောက်ချင်းတစ်ယောက်ထဲချီးမွမ်းခန်းဖွင့်နေသည်။
Gm; ငါ့မြေးဘယ်လိုလဲ။ အဘွားတို့မြို့လေးလာရတာငြိမ်းချမ်းတယ်မလား။
suho;ဟုတ်တယ် အဘွား Uni ပိတ်တုန်းလာလည်တာမှန်သွားပြီ။
Gm; ငါ့ မြေးတောင် ဘာလိုလို uni ကျောင်းသားကြီးတောင်ဖြစ်လို့ အော် ငါ့မြေးတော်တော်အရွယ်ရောက်လာပြီဘဲ။
suho; ဒါပေါ့ အဘွားရဲ့။ အဘွား ပြီးရင် ကျွန်တော် တော ထဲခဏသွားကြည့်မယ်နော်။
Gm; အော် မြေးရယ် ရောက်တာဖြင့် မကြာသေးဘူး လမ်းလည်းမကျွမ်းဘဲနဲ့ တောထဲမသွားပါနဲ့နော် ပြီးတော့ တောထဲမှာ နာနာဘာဝတွေနဲ့ တွေ့ရင် ငါ့မြေးလည်း ဒုက္ခရောက်လိမ့်မယ်။ ငါ့မြေးသာ တစ်ခုခုဖြစ်ရင် အဘွားရင်ကျိုးရချည်ရဲ့။
suho; အဘွားရယ် ဒီလိုမျိုး ID ခေတ်ကြီးမှာ ဘယ်က နာနာဘာဝကရှိမှာလဲ။ ရှိရင် သူနဲ့ selfieအတူရိုက်ပြီး internet ပေါ်တောင်တင်လိုက်ချင်သေး။
Gm; ငါ့ မြေးရယ်နောက်တီးနောက်တောက် ကဲ မသွားဆို မသွားရဘူး
သွားရေမိုးချိုးပြီးနားတော့ နောက်နေ့မှ နင့်ဦးလေးနဲ့ အတူတောထဲသွားကြည့်ဒါဘဲ သွားနားတော့။
suho; အိမ်က ချုပ်ချယ်လို့ အဖွားဆီလာမှ ပိုဆိုးနေတယ်။
suho တစ်ယောက်ဆောင့်အောင့်ပြီး အိမ်ပေါ်တက်သွားလေတော့သည်။
suho ရေမိုးချိုးပြီးတော့ တစ်ရေးတစ်မော အိပ်လိုက်ရာ ခရီးပန်းလာတဲ့ အရှိန်ကြောင့် နှစ်နှစ်ခြိုက် အိပ်ပျော်သွားလေတော့သည်။
suho တစ်ရေးနိုးလာသောအခါ~~~
suho; ဟင် ညနေတောင် ရောက်နေပါ့လား။ ငါတော်တော် အိပ်ပျော်သွားတာဘဲ။ အဘွားရောမသိဘူး။