ဝန်ကြီးရှောင်ပေးထားသော သေနတ်ကို ထုတ်လို့ ကောကောကိုချိန်ရွယ်လိုက်တယ်။ ကိုကိုအမုန်းခံရရင်တောင် ဝမ်ရိပေါ်သေမှဖြစ်မည်။ သူ့ဘဝပျက်စီးရတာ ဝမ်ရိ​ေပါ်ကြောင့်..။ သူသာမရှိရင် အားလုံးအဆင်ပြေနေပြီကို...

"ပစ်ရဲ့လား...ကိုကိုက ကောကောအတွက်နဲ့ လူသတ်သမား အဖြစ်ခံမှာလား..."

ဉီးသည် ဘန်ကိုချိန်ထားသည်။ မဖြစ်ရဘူး သူ့ကြောင့် ဉီးလက်သွေးစွန်းလို့မရဘူး။ သူ့ကို ဘန်သည် ဉီးချစ်လို့မုန်းတယ်တဲ့လား? ဒီတစ်လျှောက်လုံး အဲလစ်အဖြစ်ဟန်ဆောင်ခဲ့တဲ့ ဘန်ကို သူဂရုစိုက်ပေးခဲ့သည်။ ဒီရေစက်ဆိုးကိုလည်း သူသာလျှင်အဆုံးသတ်ရမည်ဖြစ်သည်။

မိမိနှင့် ဘာမှမတော်ဆက်သော ကလေးအတွက် အမည်ခံပေးခဲ့သည်။ သူမစီက လိုချင်တာရှိခဲ့ပေမဲ့ သူစေတနာထားခဲ့သမျှဟာ...သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ သူမကတော့ တစ်ချိန်လုံး သူ့နောက်ကျောကို ဓားဖြင့်ထိုးဖို့ ကျန်စည်နေခဲ့တယ်တဲ့လား။

သူဘယ်သူ့ကိုမှ အကောက်မကြံခဲ့ဖူးပါ...ဘာလို့ သူ့ကိုအသုံးချသူတွေ၊မုန်းတဲ့သူတွေ များရတာပဲ။ မေတ္တာဟူသည်အသွားအပြန် ရှိသင့်ပေမဲ့ သူ့အပေါ်မေတ္တာမထားလျှင်နေပါ...အခုတော့ သူ့မေတ္တာသည်အဆိပ်ပင်ကို ရေလောင်းခဲ့သလိုပင်။ သူ့အပေါ်အမုန်းတရား၊ အမုန်းမျက်စိတွေနဲ့သာ ကြည့်ခဲ့မှတော့...ကူကယ်မရသည်အထိ ပိုးဖလံတစ်​ေကာင်သည် မီးကျွမ်းခဲ့ပြီ။

စေတနာသည် လူတိုင်းနှင့်မတန်ဟူသော ဆိုရိုးရှိခဲ့ပေမဲ့ အလကားရတဲ့စေသနာကို သူမနှာမြောဘဲ လူတိုင်းအပေါ်ထားခဲ့ပေမဲ့...သူ့စေတနာသည် ဘန်နှင့်မတန်​ေပ။​ မင်းက ငါ့ရဲ့မေတ္တာ​ေတွနဲ့ မတန်ဘူး။ ငါဆိုတဲ့ကောင်ဟာ ဉီးအတွက်ရဲရင့်ပေးမယ်။ ကာကွယ်ပေးမယ်။ ငါနဲ့မင်းကြားမှာ အတိတ်ဝဋ်ကြွေးတွေရှိခဲ့ရင် ဤဘဝဤမျှနဲ့ ကျေပါစေတော့။

"ဒိုင်း!."

လက်မောင်းကိုထိမှန်ထားသော ကျည်ဆန်ကြောင့် လက်ထဲက သေနတ်သည် လွတ်ကျသွားသည်။့ထိုအတူ ဘန်၏မယုံကြည်​ြခင်းများ ကိန်းဝပ်နေသော မျက်ဝန်း...

အမှန်ဆို ဘန်၏သေနတ်ရှိ ကျည်ဆံများကို သူထုတ်ထားပြီးသား။ Bae​ေရှ့မှောက်တွင် သူလူမသတ်ချင်ပေ။ သူ့ကလေးငယ်ကသိပ်ကို နုနယ်တာလေ။ ဘန်ကို ဆေးမှု၊ လူသတ်ရန်ကြံစည်မှုနဲ့ ထောင်ထဲသွင်းဖို့စီစဉ်ပြီးသား။ သို့ပါသော်လည်း...ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကျည်အစစ်တို့ဖြင့်ချိန်ရွယ်ထားတဲ့ သူ့သေနတ်ကို လုယူကာ...

Sean's Adorer (Complete) Where stories live. Discover now