(3) နေကြာပန်း

103 8 0
                                    

"နေကြာပန်းဟာ သစ္စာရှိခြင်းနဲ့
မြတ်နိုးမှုတို့ရဲ့ သင်္ကေတပါ။
ပြီးတော့...
ပျော်ရွှင်မှုလို့လဲ အဓိပ္ပါယ်ရတာကြောင့်
ကိုယ့်ကိုပျော်ရွှင်စေတဲ့သူကို
အပေးသင့်ဆုံးလက်ဆောင်
လို့သတ်မှတ်ထားကြပါတယ်။"

ဒီပန်းလေးရဲ့ အဓိပ္ပါယ်ကို အန်တီမမဖတ်ပြတုန်းက တစ်နေ့ အန်တီမမကို အပြင်မှာတွေ့ရင် နေကြာ‌ပန်းလေး ဝယ်ပေးဖို့ ဆန္ဒ ရှိခဲ့ဖူးတယ်..။

ဘာကြောင့်လဲဆိုတော့...အန်တီမမက ကျွန်တော့်ကို ပျော်ရွှင်စေတဲ့သူ ဖြစ်တာကြောင့်လေ။

အခုတော့ ကျွန်တော့် ဆန္ဒလေးမ‌ပြည့်ခဲ့ပါဘူး ဒါ့အပြင် အန်တီမမနဲ့လည်း အပြင်မှာ မ‌တွေ့နိုင်တော့ဘူး။

ပြန်လာပါလို့ပြောနေပေမယ့် အန်တီမမပြန်မလာနိုင်တော့မှန်း ကျွန်တော်သိပါတယ်..
ဘဝတစ်ကွေ့မှာ ကြုံဆုံ ခဲ့ရတာမို့လို့ ကျွန်တော့် စိတ်ထဲ အမြဲအမှတ်ရနေမှာပါ..။

သေဆုံးသွားပြီ ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းတွေ တကယ် သေဆုံးသွားပါပြီ..

I will always remember youWhere stories live. Discover now