"ဝိုး..ကော အသီးလေးတွေကို မစားရက်တော့ဘူး.."

ပုံစံလှလှလေးတွင် ဖရဲသီး၊ စပျစ်သီး၊ စတော်ဘယ်ရီကို အဓိကထား၍ အလှဆင်ထားသည်။ ထို့အပြင် ဒီညတွင် လနတ်သမီးပွဲတော်ရှိသဖြင့် လမုန့်များကို ကောသည် ပြင်ဆင်ထားသည်။

ဒါပေမဲ့ ဘယ်သူကိုမှမပြပေ..ညရောက်မှ အကုန်စုစားကြမယ်တဲ့။ Mr. Deepသည်လည်း ဒီနေ့တွင် စင်ကာပူဟိုတယ်မှ ပြန်လာတော့မှာမို့...သူတို့အားလုံးအတူတူ ဆုံမည့်နေပင်...

"ကျွန်တော် ညကျရင် ဉီးကိုပြောစရာရှိတယ်"

အမှန်အတိုင်းဖွင့်ပြောရမည်။ဉီးပြောသလို ဆက်ဆံရေးတစ်ခုတွင် ယုံကြည်မှုကအရေးပါသလို ပွင့်လင်းမှုကလည်း အရေးပါသည်လေ။ သူဘယ်လောက် သူများကလေးကို မွေးစားဖို့လုပ်လုပ် ဉီး၏ဆန္ဒလိုသေးသည်လေ။ တစ်ယူသန်အနေနဲ့ ဆုံးဖြတ်ခဲ့မိလို့လည်း ဉီးအာ ပြန်တောင်းပန်ရမည်။

"ကိုယ်ရောပဲ.."

ဒီညက ကိုယ့်တို့အချစ်ခရီးလမ်းမှာ အနှောင့်အယှက်တွေဖယ်ဖျောက်မည့်နေပဲ...သိပ်ဟန်ဆောင်ကောင်းပေမဲ့ အတုအယောင်ဆိုတာ ဘယ်တော့မှတည်မြဲမှာ မဟုတ်ဘူးလေ..

.
.
.
"Leo!"

"ဟာ...Mr.deepနဲ့ ကျဲမာရီရာ..."

"Leoလေးက အရင်အတိုင်းပဲ..."

ဆွယ်တာ အဖြူလေးနဲ့ ဝမ်ရိပေါ်သည် အရင်အတိုင်းပဲ..ဘာမှမပြောင်းလဲသေးဘူးပဲ။ သူမကို ဖော်ဖော်ရွေရွေနှုတ်ဆက်လို့.. နေရာထိုင်ခင်းပေးလာသည်။

သူမအမြင်မှန်ရလို့ တော်သေးတာပေါ့။ sean၏အင်အားကိုသာ သူမမှီခိုချင်ခဲ့တာ...အမှန်တကယ်တော့ သူမက လူးဝစ်ကိုသာချစ်ခဲ့တာ။ ဒီခပ်ဆိုးဆိုးကောင်လေးက သူမခင်ပွန်းဖြစ်လာမယ်လို့ မထင်မိပေမဲ့လည်း...ဖူးစာဆိုတာ ရှောင်မရဘူးလေ။

"ဒါနဲ့ ေကာ..ဉီးကျန့်ရော.."

"ဉီးကျန့်က လူးဝစ်နဲ့အပေါ်ထပ်မှာစကားပြောနေကြတယ်။ kon ကောကိုလာကူအုန်း..."

ကောသည် သူ့အာ သူပြင်ထားသော လမုန့်များ၊ အသီးများနှင့် ဖျော်ရည်တို့ကို ခြံအပြင် စားပွဲဝိုင်းစီကို ကူသယ်စေသည်။ အချိန်သည် ည၇နာရီပေမဲ့ လပြည့်ဝန်းသည် ထိန်ထိန်သာနေသည်။

Sean's Adorer (Complete) Where stories live. Discover now