EP 1(အတိတ်ရက်စွဲများ)

317 7 0
                                    

"လမ်းခွဲရအောင် ကော"

"အင်း"

"ကော အခုလိုဖြစ်ချင်ခဲ့တာမလား"

"ကြာပြီ"

"အဟက် ကျွန်တော်က ဖက်တွယ်မိတာပါ ဒီလောက်နာကျင်မှုတွေပေးခဲ့တာတောင် ကောကို ကျွန်တော်ချစ်နေပါသေးတယ်"

"မင်းက ကိုယ့်အထင် အရမ်းစိတ်ပျက်ဖို့ကောင်းနေပြီ"

"‌ကောက ကျွန်တော့်အပေါ်စိတ်ပျက်မှုတွေအများကြီးပေးခဲ့တာပါ ဒါမဲ့ ကောကိုကျွန်တော် တစ်ခါမှစိတ်ပျက်စရာလူတစ်ယောက်လိုမမြင်ဖူးခဲ့ဘူး"

"အခုငါတို့မဆိုင်တော့ဘူး အဲ့ကိစတွေပြောဖို့မလိုတော့ဘူး"

"နှုတ်ဆက်ပါတယ် ကော"

*လှည့်ထွက်သွား*

လှည့်ထွက်သွားတဲ့လူတစ်ယောက်ကိုမြက်ကွင်းထဲကပျောက်ကွယ်သွားတဲ့အထိကြည့်မိနေတယ်

*အတိတ်ရက်စွဲများ*

"ကော ကျွန်တော်‌..."

"အင်းပြောဝမ်ရိပေါ် "

"ဟို ကျွန်တော် ကောကိုချစ်တယ်"

"ဘယ်လို နောက်နေတာလား ရယ်စရုသိပ်မကောင်းဘူးနော်"

"မဟုတ်ဘူး ကျွန်တော်တကယ်ပြောနေတာပါဗျာ~"

"အင်း ကောင်းပြီ တွဲကြတာပေါ့"

"တ..တကယ်လား ကော"

"အင်း"

🥀🥀🥀🥀🥀🥀🥀🥀

အဲ့တုန်းက ကျွန်တော်သိပ်ပျော်ခဲ့ရဘူးတယ်လေ ဒါမဲ့ အဲ့တုန်းထဲကသိခဲ့ရမှာ အပျော်အပျက်သဘောဆိုတာကို

🥀🥀🥀🥀🥀🥀

1 လ အကြာ...

"ကော အဲ့တာ ဘာလဲ"

"ဘာကိုလဲ စကားကိုရှင်းရှင်းပြော"

"ဒီမိန်းကလေးက ဘယ်သူလဲလို့"

"သူငယ်ချင်းလေ"

"သူငယ်ချင်းနဲ့ အဲ့လို နမ်းလို့ရလို့လား ကော ကျွန်တော်တို့ချစ်သူဖြစ်လာတာ 1လရှိနေပြီ ကျွန်တော်..ကျွန်တော် ကောကိုတောင် နမ်းခဲ့ဖူးလို့လား ဟင် ပြောပါအုန်း ကျွန်တော်က.. ဘာလို့....."

ခါးသီးလွန်းသောအချစ်Donde viven las historias. Descúbrelo ahora