EP - 4 (ပိုင်ဆိုင်ရန်ကြိုးစားခြင်း)

152 13 0
                                    

💔ခါးသီးလွန်းသောအချစ်🥀

မနေ့ညကသတင်းသည်ယခုမနက်အကြီးအကျယ်ကယက်ထသွားသည်

"ရှောင်းကျန့်.."

"အင်း ပါး.."

"မင်း ဒီသတင်းတွေထွက်နေတာကြည့်စမ်း..မင်းက CEO တစ်ယောက်ဖြသ်နေပြီလေ ကိုယ့်ဂုဏ်လဲကိုယ်ထိန်းအုန်းမှပေါ့ကွ သတင်းထွက်တဲ့လူကလဲငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေနဲ့လူနဲ့..ပြီးတော့ မိန်းကလေးလဲမဟုတ်တဲ့ ယောင်္ကျားလေးတဲ့လားကွ"

"ကျွန်တော်သိတယ်..ယောင်္ကျားလေးလဲဘာဖြစ်လဲ..အဓိက ကချစ်နေဖို့ပဲမဟုတ်ဘူးလား ပါး.."

"မင်းနဲ့တော့ခက်တယ်ကွာ..သားလေးတစ်ယောက်ထဲရှိလို့သာပဲ.."

"ဒီသားလေးကလဲ ရိပေါ်ကိုချစ်တယ်.သူ့ကိုမှမရရင် ပါးရဲ့ဒီသားလေးက လုံးဝမဖြစ်ဘူး ပါး သားသူ့ကိုစွဲလန်းနေပြီ.."

"မင်းဘာဖြစ်လို့အဲ့လောက်တောင်ဖြစ်သွားရတာတုန်းငါ့သားရ..ဟိုကဟွားအိမ်တော်ကဟွားမိန်နဲ့စေ့စပ်တော့မယ်လို့သတင်းတွေထွက်နေတာ မင်းအသိပဲ."

"သိတယ်..ဒါမဲ့ ကျွန်တော်ပြောပြီးသား ပြန်မပြင်ဘူး..ကျွန်တော်ရိပေါ်ကိုရအောင်ယူမှာ..သူ့ကိုမှမရရင်သားတော့မဖြစ်ဘူးနော်..သူ့ကိုရမှဖြစ်မှာ..သူမှသူပဲနော် ကျန်တာဂရုမစိုက်ဘူး ပါး.."

"မင်းမိုက်မဲလှချဉ်လားကွ..အဖေစကားလဲနားထောင်ဖူးတယ်ရှိအောင်နားထောင်ပါအုန်းလားကွာ..."

"ပါးကရိပေါ်ကိုသဘောမကျလို့အထုလိုအပြင်းအထန်ကန့်ကွက်နေတာလားပါး"

"ဘယ်အိမ်တော်ကရိပေါ်ကိုသားမက်တော်ရမယ်ဆိုလက်မခံပဲရှိမှာလဲ..လူကောင်းလူမွန်လဲဖြစ်..ထက်မြက်ပြီး Company တစ်ခုကိုတောင်သူ့အစွမ်းအဆနဲ့တည်ထောင်ပြီးအောင်မြင်နေတဲ့လူငယ်တစ်ယောက်ကို"

"ပါးတောင်အဲ့လောက်သဘောကျနေတာပဲကို သားချစ်မိတာမှားသလား!ဘာလို့ကန့်ကွက်နေမှာလဲပါးရာ..မားလဲသဘောတူမှာသေချာတယ် ပါး.."

ထိုအချိန်၌....

"ဒီသားအဖနှစ်ယောက်ဘာတွေဆွေးနွေးနေကြတာလဲ မသာမယာနဲ့.."

ခါးသီးလွန်းသောအချစ်Opowieści tętniące życiem. Odkryj je teraz